ဖိလစ်ပိုင်အလယ်ပိုင်းတွင် အားပြင်းငလျင်လှုပ်၍ နှစ်ဦး သေဆုံး

ဖိလစ်ပိုင်အလယ်ပိုင်းတွင် အားပြင်းငလျင်လှုပ်၍ နှစ်ဦး သေဆုံး

သြဂုတ် ၂၃ ။                   ။ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Leyte ဒေသ Ormoc မြို့မှာ သြဂုတ်လ ၂၃ ရက်အစောပိုင်းက ပြင်းအား ၅ ဒသမ ၁ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ခဲ့ပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ ငလျင်မှာ Leyte ဒေသ Albuera အုပ်ချုပ်ရေးနယ် အရှေ့မြောက်ပိုင်းကို ဗဟိုပြုလှုပ်သွားခဲ့ခြငး် ဖြစ်ကြောင်း ဖိလစ်ပိုင် မြေငလျင်တိုင်းတာရေးဌာနက ထုတ်ပြန်သည်။

ယင်း ငလျင်လှုပ်ပြီးနောက် Ormoc မြို့ရှိ အသက် ၅၁ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာဖြင့် သေဆုံးသဓွားသည်ဟု မြို့တော်ဝန် Vince Emnas က ပြောသည်။

အလားတူ အသက် ရ၀ အရွယ် အမျိုးသမီးကြီးတစ်ဦးလည်း နှလုံးအမောဖောက်ကာ သေဆုံးသွားခဲ့ကြောင်းလည်း သိရသည်။

ငလျင်ကြောင့် မြို့ရှိ နေအိမ် ၅၆ လောက်လည်း ထိခိုက်ပျက်စီးမှုတစ်ချို့ရှိခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ပြောကြားသည်။

ယင်းနိုင်ငံတွင် ပြီးခဲ့တဲ့ ဇူလိုင် ၆ ရက်ကလည်း ပြင်းအား ၆ ဒသမ ၅ အဆင့်ရှိငလျင်ကြီးတစ်ခု လှုပ်ခဲ့ပြီး နှစ်ဦးသေဆုံးပြီး ရ၂ ဦး ထိခိုက်ဒဏ်ရာရသည့် ဖြစ်စဉ်တစ်ခုလည်း ရှိထားခဲ့သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required