လာဇီယိုမှ နယ်သာလန်နောက်ခံကစားသမား ၀က်စလေဟိုးဒ်ကို ဆောက်သမ်တန် ခေါ်ယူ

လာဇီယိုမှ နယ်သာလန်နောက်ခံကစားသမား ၀က်စလေဟိုးဒ်ကို ဆောက်သမ်တန် ခေါ်ယူ

သြဂုတ် ၂၃၊ အင်္ဂလန် ။                 ။ ဆောက်သမ်တန်အသင်းသည် လာဇီယိုအသင်းမှ နယ်သာလန်နောက်ခံကစားသမား ၀က်စလေဟိုးဒ်ကို ပြောင်းရွှေ့ကြေး ပေါင် ၁၅ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုကာ ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ ၀က်စလေမှာ နံပါတ် ၆ ဂျာစီကို ၀တ်ဆင်ကစားမည်ဖြစ်ပြီး ၎င်း၏တစ်နိုင်ငံတည်းအသင်းဖော် ဗန်ဒိုက်နှင့် တွဲဖက်ကစားမည်ဖြစ်ကြောင်း   ဆောက်သမ်တန်အသင်းက   ကြေညာသည်။

“၀က်စလေက ဥရောပမှာ တိုးတက်လာနိုင်တဲ့ လူငယ်ကစားသမားတွေထဲ အာမခံချက်အရှိဆုံးကစားသမားဖြစ်ပါတယ်။ ဆောက်သမ်တန်အသင်းအတွက် ကိုယ်စားပြုပြီး ကစားမယ့်သူပါ။ သူ့ရဲ့နိုင်ငံအသင်းဖော် ဗန်ဒိုက်၊ ဂျက်စတီဖင်၊ ယိုရှီဒါ၊ ဘက်နာရက်စ်၊ ဘာဒို့စ်တို့နဲ့ တွဲဖက်ပြီး ကစားသွားမှာပါ” ဟု ဆောက်သမ်တန်အသင်းက ကြေညာသည်။

ဆောက်သမ်တန်နှင့်စာချုပ် ချုပ်ဆိုပြီးနောက်တွင် ၀က်စလေကလည်း “ဆောက်သမ်တန်ကို ရောက်လာရလို့ ပျော်ပါတယ်။ ဆောက်သမ်တန်အသင်းက အသင်းကြီးတစ်သင်းလို့ ကျွန်တော်ထင်ပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားရတာက ကျွန်တော့်ရဲ့ကစားသမားဘဝကို နောက်တစ်ဆင့်တက်နိုင်ဖို့ အကောင်းဆုံးဖြစ်ပါလိ့မ်မယ်။ ကျွန်တော့်တတ်နိုင်သလောက် အကောင်းဆုံးပေးဆပ်ကစားသွားမှာပါ” ဟု ပြောဆိုခဲ့သည်။

နယ်သာလန်နောက်ခံလူတစ်ဦးဖြစ်သည့် ဗန်ဒိုက်မှာ အသင်းပြောင်းခွင့်ပြုရန် တောင်းဆိုထားသော်လည်း ဆောက်သမ်တန်အသင်းက ခွင့်ပြုမည်မဟုတ်ကြောင်း ပြောဆိုထားသည်။

ရည်ညွှန်း ဒေးလီးမေးလ်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly