သင်္ဘောချင်းတိုက်မိမှု၌ သေဆုံးသွားသော အမေရိကန်ရေတပ်သားများအတွက် ထရမ့်ဆုမွန်ကောင်းတောင်း

သင်္ဘောချင်းတိုက်မိမှု၌ သေဆုံးသွားသော အမေရိကန်ရေတပ်သားများအတွက် ထရမ့်ဆုမွန်ကောင်းတောင်း

၀ါရှင်တန်ဒီစီ၊ သြဂုတ် ၂၃ ။                    ။ စင်္ကာပူအနီးရှိ ကမ်းလွန်ပင်လယ်ပြင်ထဲ၌ တနင်္လာနေ့က ဖြစ်ပွားခဲ့သော အမေရိကန်ဖျက်သင်္ဘော ယူအက်စ် အက်စ်ဂျွန်အက်စ်မက်ကိန်းနှင့် ကုန်တင်သင်္ဘောအယ်လ်နစ်အမ်စီတို့ မတော်တဆတိုက်မိခဲ့မှုအတွင်း သေဆုံး သွားခဲ့သည့် အမေရိကန်ရေတပ်သားများကို ရည်စူး၍ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အင်္ဂါနေ့တွင် ဆုမွန်ကောင်းတောင်းပေးခဲ့သည်။

“အမေရိကန်ရေတပ်မှ ယူအက်အက်စ်ဂျွန်အက်စ်မက်ကိန်း သင်္ဘောပေါ်မှာ ကျနော်တို့ရဲ့နိုင်ငံအတွက် တာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ ကျနော်တို့ရဲ့ သူရဲကောင်းတွေနဲ့ သူတို့ရဲ့မိသားစုတွေအတွက် ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်” ဟု ဒေါ်နယ်ထရမ့်က သူ၏ တွစ်တာအကောင့်၌ ရေးသားခဲ့သည်။ ထို့နောက် မကြာခင်တွင် အိမ်ဖြူတော်မှလည်း ရေတပ်သားများသေဆုံးမှုအတွက် အလွန်စိတ်မကောင်းဖြစ်ရကြောင်း အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဆာရာဆန်ဒါက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ရေတပ်ဗိုလ်ချုပ်ကြီး စကော့ဆွစ်က ဖျက်သင်္ဘောပေါ်၌ ကျန်ရှိနေသေးသော တပ်သားအချို့ကို သင်္ဘော၏ ၀မ်းဗိုက်အခန်းထဲ၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း စင်္ကာပူ၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပဲ၌ ပြောကြားခဲ့သည်။

သင်္ဘောချင်းတိုက်မိမှုကြောင့် သင်္ဘောသား ၁၀ ဦးပျောက်ဆုံးခဲ့သော်လည်း လက်ရှိအချိန်တွင် အရေအတွက် နှင့် အလောင်းများကိုရှာဖွေရေး အခြေအနေအား ကြေညာဖို့ အချိန်မတိုင်သေးကြောင်း ဆွစ်က ပြောခဲ့သည်။ ဒါ့အပြင်ဗိုလ်ချုပ်ကြီးက ရှာဖွေရေးများ၌ ကူညီပေးနေသော မလေးရှားရေတပ်အဆိုအရ လက်ရှိအခြေအနေ တွင် မျှော်လင့်ချက်အနည်းငယ် ကျန်ရှိနေသေးပြီး ရှာတွေ့သောအလောင်းများအား မည်သူမည်ဝါဖြစ်သည် ဆိုတာကို သေသေချာချာ ခွဲခြားနေကြောင်း ဆက်ပြောခဲ့သည်။

အမေရိကန်ဖျက်သင်္ဘောမက်ကိန်းနှင့် ဆီတင်သင်္ဘော အယ်လ်နစ်အမ်စီတို့သည် တနင်္လာနေ့မနက်ပိုင်းက မလက္ကာရေလက်ကြားအနီး၌ မတော်တဆတိုက်မိခဲ့သောကြောင့် အမေရိကန်ရေတပ်သား ၁၀ ဦးခန့် ပျောက်ဆုံးခဲ့ပြီး မက်ကိန်းသင်္ဘောကြီး၏ ပဲ့ပိုင်းထိခိုက်ပျက်စီးခဲ့ကာ သင်္ဘောကိုယ်ထည်မှာလည်း အပေါက် အကြီးကြီးဖြစ်သွားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags