တားမြစ်ဆေးသုံးခဲ့သူများအား ဖီဖာက လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းကို Funcy Bears ဟက်ကာအဖွဲ့ ဖော်ထုတ်

တားမြစ်ဆေးသုံးခဲ့သူများအား ဖီဖာက လွတ်ငြိမ်းခွင့်ပေးခဲ့ခြင်းကို Funcy Bears ဟက်ကာအဖွဲ့ ဖော်ထုတ်

၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နာမည်ကြီးကစားသမားအချို့ တားမြစ်ဆေးသုံးစွဲခဲ့ပေမယ့် ဖီဖာက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာကို Funcy Bears ဟက်ကာအဖွဲ့က ဖော်ထုတ်လိုက်ပါတယ်။

Funcy Bears ဟက်ကာအဖွဲ့က သူတို့ဟာ အားကစားလောက သန့်ရှင်းရေးနဲ့တရားမျှတရေးအတွက် ဆောက်ရွက်မယ့်သူတွေလို့ သူတို့ကိုယ်သူတို့ မိတ်ဆက်ထားသူတွေ ဖြစ်ပါတယ်။

Funcy Bears တွေက ၂၀၁၀ ကမ္ဘာ့ဖလားမှာ နိုင်ငံပေါင်းစုံက ဘောလုံးသမားပေါင်း ၂၅ ဦးဟာ တားမြစ်ဆေးသုံးစွဲခဲ့ကြပေမယ့် ဖီဖာက ပြိုင်ပွဲကစားဖို့ ခွင့်ပြုခဲ့တယ်လို့ ဖော်ထုတ်ခဲ့ပါတယ်။ အဲ့ဒီကစားသမားတွေစာရင်းမှာ အာဂျင်တီးနားအသင်းက တီဗက်ဇ်၊ ဟိန့်ဇ်နဲ့ ဗီရွန်တို့လို နာမည်ကြီးကစားသမားတွေပါ၀င်ခဲ့ပြီး ဟော်လန်အသင်းက လီဗာပူးလ်ကစားသမားဟောင်း ကူရစ်၊ ဂျာမနီက မာရီယိုဂိုမက်ဇ်တို့လို ကစားသမားတွေလည်း ပါ၀င်ခဲ့ပါတယ်။

တားမြစ်ဆေးသုံးစွဲခဲ့ကြတဲ့ ကစားသမားတွေရဲ့နာမည်နဲ့ သူတို့သုံးစွဲခဲ့တဲ့ ဆေးအမည်တွေကိုပါ တပါတည်း ပူးတွဲဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Funcy Bears တွေဟာ ရုရှက အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်အတွင်းမှာ ကစားသမားပေါင်း ၁၅၀ ဟာ ဆေးကျခဲ့တယ်လို့လည်း ဖော်ထုတ်ခဲ့ပါတယ်။

ရည်ညွှန်း The Sun

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly