ဖီအိုရင်တီးနားမှ တိုက်စစ်မှူး နီကိုလာ ကလင်နစ်ကို အေစီမီလန်အသင်း ခေါ်ယူ

ဖီအိုရင်တီးနားမှ တိုက်စစ်မှူး နီကိုလာ ကလင်နစ်ကို အေစီမီလန်အသင်း ခေါ်ယူ
(ဓာတ်ပုံ - အေစီမီလန်)

အေစီမီလန်အသင်းဟာ ဖီအိုရင်တီးနားမှ တိုက်စစ်မှူး နီကိုလာ ကလင်နစ်ကို အပြီးသတ် ခေါ်ယူမှုအပါအဝင် ကနဦးအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ခရိုအေးရှားကစားသမားကို အသင်းမှာ ထည့်သွင်းသွားဖြစ်တယ်လို့ မီလန်အသင်းက အတည်ပြုခဲ့ပါတယ်။

"ဖီအိုရင်တီးနားမှ နီကိုလာ ကလင်နစ်ကို အပြီးသတ်ဝယ်ယူခွင့် အပါအဝင် ကနဦးအငှားနဲ့စာချုပ်နိုင်ခဲ့တဲ့အတွက် အေစီမီလန်က အလွန်ဂုဏ်ယူ ဝမ်းမြောက်ပါတယ်။"လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခရိုအေးရှားကစားသမားဟာ နိုင်ငံလက်ရွေးစင်အသင်းနဲ့ ပထမဆုံးပွဲဦးထွက်ကို ၂၀၀၈ ခုနှစ်က မော်လ်ဒိုဗာအသင်းနဲ့ပွဲမှာ ကစားခဲ့ပြီး ယူရို ၂၀၁၆ ပြိုင်ပွဲမှာလည်း ပါဝင်ကစားခဲ့ပါတယ်။

အေစီမီလန်အသင်းဟာ နီုကိုလာ ကလင်နစ်ကို ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက်မှာ ဒီနွေရာသီမှာ အီတလီနောက်ခံလူ ဘူနိုချီနှင့် အာဂျင်တီးနား ကွင်းလယ်လူ ဘစ်လီယာတို့ကိုလည်း ခေါ်ယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။

မီလန်အသင်းဟာ ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကို မဖော်ပြပေမယ့် ဒေါ်လာ ၂၃ သန်းအထိ ရှိနိုင်တယ်လို့ မီဒီယာတွေက ခန့်မှန်းထားပါတယ်။

စီးရီးအေကလပ်ဟာ ဇွန်လက ဆန်ဒါးလန်းတိုက်စစ်မှူါ် ဖာဘီယို ဘိုရီနီကိုလည်း အငှားနဲ့ ခေါ်ယူစာချုပ်ခဲ့ပြီးလည်းဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags