အောင်ပွဲရ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား ကမ္ဘောဇဘဏ်မှ ဒေါ်လာ ၁ သောင်းချီးမြှင့်

အောင်ပွဲရ မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအား ကမ္ဘောဇဘဏ်မှ ဒေါ်လာ ၁ သောင်းချီးမြှင့်
ဓာတ်ပုံ-MFF

ရန်ကုန်၊ သြဂုတ် ၂၂ ။               ။ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယဆုအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရာတွင်  မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း မှ ဖိလစ်ပိုင်အမျိုးသမီးအသင်း ကို ၆-၀ ဂိုး ဖြင့် အနိုင်ရခဲ့သည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို KBZ Bank မှ USD 10000 ချီးမြှင့်ခဲ့သည်။

အဆိုပါ ပွဲစဉ်ကို ယနေ့ မလေးရှားစံတော်ချိန် ၄နာရီ၊ မြန်မာစံတော်ချိန် ၂နာရီ ၃၀မိနစ် အချိန်၊ UM ARENA တွင် ယှဉ်ပြိုင်ခဲ့ကြခြင်း ဖြစ်သည်။  

KBZ Bank အနေဖြင့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း မလေးရှားအသင်းကို အနိုင်ရခဲ့သည့် ပွဲစဉ်အပြီးတွင်လည်း USD 10000 ဆုချီးမြှင့်ခဲ့သည့်အတွက် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းကို စုစုပေါင်း USD 20000 ချီးမြှင့်ခဲ့ပြီးဖြစ်သည်။

ယနေ့ အနိုင်ရရှိခဲ့သည့်ပွဲအတွက်  မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ လက်မှတ်စောင်ရေ ၂၀၀ ဝယ်ယူထားပြီး မြန်မာဘောလုံးပရိသတ်များ အခမဲ့ ဝင်ရောက်ကြည့်ရှုခွင့်ရရန် စီစဉ်ပေးထားခဲ့သည်။

အနိုင်ဂိုးများအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ခင်မိုးဝေက ၃ ဂိုး၊ ၀င်းသိဂီင်္ထွန်းက ၁ ဂိုး၊ ရီရီဦးက ၁ ဂိုး၊ Naw Arlo War Phaw က ၁ ဂိုး ဖြင့် အသီးသီး သွင်းယူခဲ့သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းက ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။

ယမန်နေ့ သြဂုတ်လ ၂၁ ရက်က မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီး ဖူဆယ်အသင်းတို့အားဂုဏြ်ပုဆုငွေ အမေရိကန်ဒေါ်လာ ၆၆၀၀ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှူဆောင်၊ အမျိုးသမီးအသင်း အောင်နိုင်ရေး ကော်မတီဥက္ကဋ္ဌ၊ ဇွဲကပင် အသင်းပိုင်ရှင် ဦးလှဌေးသည် ပေးအပ် ချီးမြှင့်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags