ပဲစင်​းငုံ၊မတ်​ပဲ၊ပဲတီစိမ်​းတို့ကို အိန္ဒိယမှ လက်​မခံ၍ ပဲစိုက်​သူများ နစ်​နာနိုင်​

ပဲစင်​းငုံ၊မတ်​ပဲ၊ပဲတီစိမ်​းတို့ကို အိန္ဒိယမှ လက်​မခံ၍ ပဲစိုက်​သူများ နစ်​နာနိုင်​

ရန်​ကုန်​၊သြဂုတ်​၂၂ ။              ။  ပို့​ဆောင်​​နေသည်​့ ပဲစင်​းငုံ၊မတ်​ပဲနှင်​့ ပဲတီစိမ်​းတို့ကို အိန္ဒိယမှ လက်​မခံ​​တော့သဖြင်​့့ မြန်​မာပြည်​တွင်​သာ ​စျေးကျပြီး ပဲစိုက်​သူများနစ်​နာနိုင်​သည်​ဟု မန္တ​လေးကုန်​စည်ဒိုင်​မှ အ​ထွေ​ထွေအတွင်​း​ရေးမှူး ဦး​ကျော်​သွင် က ဆိုသည်​။

​ပထမဦးဆုံးအ​နေဖြင်​့ ပဲစင်​းငုံအား အိန္ဒိယမှ တင်​သွင်​းခွင်​့မပြု​တော့ဘဲ ယမန်​​နေ့ သြဂုတ်​လ ၂၁ ရက်​​ည​နေတွင်​ မတ်​ပဲနှင်​့ ပဲတီ​စိမ်​းအား ထပ်​မံပိတ်​ပင်​လိုက်​ခြင်း ဖြစ်သည်​။

"ပို့လို့မှမရ​တော့ဘဲနဲ့ ဥစ္စာ။ သူတို့က လက်​မခံ​တော့ဘူး​လေ လက်​မခံ​တော့ဘယ်​သွားပို့မှာလဲ။ မြန်​မာပြည်​ထဲမယ် ဝဲလည်​ထ​နေမှာပဲ။ ပိုဆိုး​လေ​စျေး​တွေကျ​လေ ဒီကလူ​တွေ နာ​လေပဲ"ဟု မန္တ​လေးကုန်​စည်ဒိုင်​မှ အ​ထွေ​ထွေအတွင်​း​ရေးမှူး ဦး​ကျော်​​သွင်က ဆိုသည်​။

မြန်​မာနိုင်​ငံအတွင်​း၌လည်​း ယခင်​နှစ်​မှ ပဲလက်​ကျန်​ရှိ​နေသဖြင်​့ အဆိုပါပဲများမှာ ​စျေးများကျလာနိုင်​သည်​့အ​ခြေအ​နေဖြစ်​သည်​ဟု ဆိုသည်​။

အိန္ဒိယနိုင်​ငံသို့ ယမန်​နှစ်​က ပဲစင်​းငုံလက်​ကျန်​အ​ဟောင်​းများမှာ မြန်​မာနိုင်​ငံမှ ထပ်​မံတင်​​သွင်​း လာသည်​့ ယခုနှစ်​ထွက်​ ပဲစင်​းငုံအသစ်​များနှင်​့ယှဉ်​လျှင်​ ​စျေးများကျဆင်​း​နေခဲ့ပြီး ပြည်​တွင်​း​စျေးပြန်​လည်​တက်​လာရန်​ မြန်​မာနိုင်​ငံမှတင်​သွင်​းသည်​့ ပဲစင်​းငုံများကို တင်​ပို့ခွင်​့မပြု​တော့ခြင်​း ဖြစ်​နိုင်​သည်​ဟု ဦး​ကျော်​​သွင်က သုံးသပ်​သည်​။

"အခု​လော​လောဆယ်​​တော့ သူတို့​ဘက်​​စျေးက ပြန်​တက်​သွားပြီ။ သူတို့ပိတ်​လိုက်​​တော့ မြန်​မာ​ငွေနဲ့ ဆိုရင်​ သုံးတင်​းဝင်​ တစ်​အိတ်ကို ၈​၅​၀၀ ပတ်​ဝန်​းကျင်​​လောက်​ ဖြစ်​သွားပြီ။ ခဏပဲ ပိတ်​တာလား အမြဲလား​တော့ မသိဘူး​ပေါ့"ဟု ပြောသည်​။

အဆိုပါပဲများသည်​ သို​လှောင်​ထားမည်​ဆိုပါက နှစ်​ရှည်​အထားခံနိုင်​ပြီး နှစ်​လတစ်​ကြိမ်​​ ဆေးထိုး​ပေးရမည် ​ဖြစ်​သည်​။

အိန္ဒိယနိုင်​ငံသို့ မြန်​မာနှင်​့ အာဖရိကနိုင်​ငံ ၄ နိုင်​ငံ​မှ ပဲများတင်​သွင်​း​နေပြီး နောင်​နှစ်​များတွင်​ တစ်​နှစ်​လျင်​ ပဲတန်​ချိန်​၂သိန်​းသာ အိန္ဒိယနိုင်​ငံသို့ ဝင်​ခွင်​့ပြုမည်​ဖြစ်​​ကြောင်​း သတ်​မှတ်​ထားသည်​ဟုလည်​း ၎င်းကဆိုသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly