အာဖဂန်နစ္စတန်တွင် အမေရိကန် တပ်ဖွဲ့ဝင်များ ဆက်လက်ထားရှိမည်ဟု ထရမ့် ဆုံးဖြတ်

အာဖဂန်နစ္စတန်တွင် အမေရိကန် တပ်ဖွဲ့ဝင်များ ဆက်လက်ထားရှိမည်ဟု ထရမ့် ဆုံးဖြတ်

ဝါရှင်တန်ဒီစီ၊ သြဂုတ် ၂၂ ။            ။ အာဖဂန်နစ္စတန်နိုင်ငံမှ အမေရိကန်တပ်များ လက်ငင်းရုတ်သိမ်းခြင်းသည် အစွန်းရောက်များ ဝင်လာရန် နေရာလွတ် ဖန်တီးပေးသလို ဖြစ်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ပြောလိုက်သည်။

မိမိအနေဖြင့် မူလအရင်းခံအားဖြင့် ဆိုပါက အမေရိကန်တပ်များကို ပြန်ခေါ်ရန် ဖြစ်သော်လည်း အီရတ်က အမှားမျိုး မဖြစ်အောင် ရှောင်ပြီး ဆက်လက်ထားရှိကာ အောင်ပွဲရသည့်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်ကြောင်း ထရမ့်က ပြောသည်။

အာဖဂန်အရေး ချည်းကပ်ရာတွင် အချိန်ကာလဘောင်သတ်မှတ်ထားကာ ချည်းကပ်ခြင်းထက် မြေပြင်အခြေအနေအပေါ် မူတည်လုပ်ဆောင်သွားလိုကြောင်း ထရမ့်က ပြောပြီး မိမိအနေဖြင့် အချိန် သတ်မှတ်ကာလ ထားရှိမည်မဟုတ်ကြောင်း ဆိုသည်။

သို့သော် ယင်းလုပ်ဆောင်မှုသည် အာဖဂန်အတွက် ချက်လက်မှတ် အလွတ်တစ်စောင် ထုတ်ပေးလိုက်ခြင်း မဟုတ်ဟူ၍လည်း အမေရိကန်သမ္မတ ထရမ့်က သတိပေးသည်။

"အမေရိကန်က အာဖဂန်အစိုးရနဲ့အတူ အောင်ပွဲတွေ ရတဲ့အထိ လက်တွဲလုပ်ဆောင်သွားပါမယ်။"ဟု ထရမ့်က ပြောသည်။

အမေရိကန်တပ်များ မရုပ်သိမ်းပါက အာဖဂန်နိုင်ငံသည် နောက်ထပ် သချုႋင်းတစပြင် ဖြစ်လာလိမ့်မည်ဟု ထရမ့်၏ ပြောဆိုချက်များအပေါ် တာလီဘန်တို့က တုံ့ပြန်သည်။

အာဖဂန်အစိုးရဖက်ကမူ အမေရိကန်နှင့် အာဖဂန် မိတ်ဖက်ပြုမှု ကြီးထွားလာခြင်းက အစွန်းရောက်ဝါဒအပေါ် တစ်ကမ္ဘာလုံးစစ်ဆင်မှုကို ပိုမိုခိုင်မာစေမည်ဟု အာဖဂန် သမ္မတ ဂါနီက ပြောလိုက်သည်။

ဒေါ်နယ်ထရမ့်၏ အာဖဂန်နစ္စတန်တွင် အမေရိကန် တပ်ဖွဲ့ဝင်များ ဆက်လက်ထားမည့် ဆုံးဖြတ်ချက်အပေါ် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ကလည်း အသီးသီး ချီးကျုးဂုဏ်ပြုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required