အစိုးရအနေဖြင့် စီးပွားဖွံဖြိုးတိုးတက်ရေးကို ပထမဦးစားပေးလုပ်သင့်ကြောင်း IRI အစီရင်ခံစာတွင် ဖော်ပြ

အစိုးရအနေဖြင့် စီးပွားဖွံဖြိုးတိုးတက်ရေးကို ပထမဦးစားပေးလုပ်သင့်ကြောင်း IRI အစီရင်ခံစာတွင် ဖော်ပြ

ရန်ကုန်၊ သြဂုတ် ၂၂ ။             ။ လက်ရှိ မြန်မာအစိုးရသစ်အနေဖြင့် စီးပွားရေးဖွံဖြိုးတိုးတက်ရေးကို ပထမဦးစားပေးလုပ်ဆောင်သင့်သည်ဟု အမေရိကန်အခြေစိုက် လူမှုရေးအဖွဲ့အစည်းတစ်ခုဖြစ်သည့် IRI မှကောက်ယူထားသည့် စစ်တမ်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

အဆိုပါစစ်တမ်းတွင် အစိုးရအနေဖြင့် စီးပွားရေးဖွံဖြိုးတိုးတတ်ရေးကို ပထမဦးစားပေးလုပ်ဆောင်သင့်ပြီး တိုင်းရင်းသား ဒေသများရှိ ပဋိပခများကို ဒုတိယအနေဖြင့် ဦးစားပေးလုပ်ဆောင်သင့်ကြောင်း   ဖော်ပြထားသည်။

“ ၂၀၁၇ ခုနှစ် ဧပြီလအတွင်း ပြုလုပ်ခဲ့တဲ့စစ်တမ်းတွေအရ စီးပွားရေးအခြေအနေ တိုးတက်ရေးကို လုပ်ဆောင်သင့်တယ်လို့ ဖော်ပြနေပါတယ် “  ဟု အဆိုပါ စစ်တမ်းကောက်သည့်အဖွဲ့ (IRI) မှ တာဝန်ရှိသူတစ်ဦး ဖြစ်သည့် Mr.Rob Varsalone ပြောသည်။

အဆိုပါ လူထုဆန္ဒသဘောထားကောက်ယူရေး စစ်တမ်းကို ၂၀၁၇ မတ်လ ၉ ရက်နေ့မှစတင်ကာ ဧပြီလအထိ မြန်မာတစ်နိုင်ငံလုံးရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူ ၃၀၀၀ ဦးကို မေးမြန်းကောက်ယူခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံအနေဖြင့် ရင်ဆိုင်နေရသည့် အကြီးမားဆုံးပြသနာများမှာ စီးပွားရေး၊ ပဋိပက္ခနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စတို့ဖြစ်သည်ဟု အဆိုပါစစ်တမ်းတွင် ပါ၀င်ဖြေဆိုသူ အများစုကဖြေဆိုထားကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

IRI သည်ဒီမိုကရေစီကာကွယ်ရေးနှင့် မြင့်တင်ရေး၊ အမျိုးသမီးကဏ္ဍ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ရွေးကောက်ပွဲကိစ္စရပ်များနှင့်ပက်သက်ပြီးး လူထုစစ်တမ်း သုတေသနများကို လက်ရှိတွင် နိုင်ငံပေါင်း ၈၅ နိုင်ငံတွင် လုပ်ဆောင်နေသည့် အမေရိကန်အခြေစိုက်အဖွဲ့တစ်ခုလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required