မိုးအောင်ရင်၏ မူးယစ်ဆေးဝါးအမှု သက်သေမလာသဖြင့် မစစ်ဆေးဖြစ်

မိုးအောင်ရင်၏ မူးယစ်ဆေးဝါးအမှု သက်သေမလာသဖြင့် မစစ်ဆေးဖြစ်

ရန်ကုန်၊ သြဂုတ်လ ၂၂ ။             ။ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုဖြင့် တရားစွဲဆိုခံထားရသော ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်အမှုအတွက် တရားလိုပြသက်သေအား စစ်ဆေးရန် သြဂုတ်လ ၂၂ ရက်တွင် ချိန်းဆိုထားသော်လည်း သက်သေ မလာ၍ အမှုအား ယနေ့ စစ်ဆေးခဲ့ခြင်းမရှိကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားလို ပြသက်သေအား စစ်ဆေးရန် ချိန်းဆိုခဲ့ခြင်းဖြစ်သည်။ အဆိုပါ စစ်ဆေးခံမည့် သက်သေအား သွားရောက် ဆင့်ခေါ်ရာတွင် သက်သေက နေအိမ်တံခါးပိတ်ထားသည့် အတွက် ရဲတပ်ဖွဲ့မှ ဆင့်ခေါ်စာကို နေအိမ်တံခါးတွင် ကပ်ထားကာ လာမည့်ရုံးချိန်းကို ထပ်မံဆင့်ခေါ်ထားခြင်း ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မိုးအောင်ရင်အမှုနှင့် ပတ်သက်ပြီး တရားလိုပြသက်သေစစ်ဆေးရန်အတွက် ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးတွင် သက်သေ ၁ဝ ဦးအထိ တင်သွင်းထားပြီး လာမည့် သြဂုတ်လ ၂၉ ရက်နေ့သို့ တရားလို ပြ သက်သေနှစ်ဦးအား စစ်ဆေးရန် ထပ်မံချိန်းဆိုလိုက်သည်။

ဖြစ်စဉ်မှာ ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၂၉ ရက်၊ နံနက်ပိုင်းက မူးယစ်ဆေးဝါးသတင်းအရ ရဲတပ်ဖွဲ့ဝင် များက မိုးအောင်ရင် နေထိုင်သည့် နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့ရာ မိုးအောင်ရင်အား တွေ့ရှိခဲ့ခြင်းမရှိဘဲ မိုး အောင်ရင်၏ သူငယ်ချင်းဖြစ်သူ နှစ်ဦးအား ဆေးခြောက် ၁၃၃၄ ဒသမ ၃၃ ဂရမ်နှင့် အတူဖမ်းဆီး ရမိခဲ့သည်။

ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင်အား ပုဇွန်တောင်မြို့နယ်ရှိ ၄င်း၏ ရည်စားဖြစ်သူနေအိမ်တွင် အိုက်စ်မူးယစ် ဆေးဝါး ၁ ဂရမ်နှင့် အတူ ရဲတပ်ဖွဲ့မဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး အဆိုပါအမှုနှင့် ပတ်သက်ပြီး လက်ရှိတွင်လည်း ပုဇွန်တောင်မြို့နယ်တရားရုံးတွင် မူးယစ်ဆေးဝါးမှုဖြင့် တရားရင်ဆိုင်နေရကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required