ရန်ကုန်မှာ ဒုစရိုက်မှုတွေ ပိုထူပြောနေပြီလားဆိုသည်​့သတင်​း မဟုတ်​မှန်​​ဟု ရဲတပ်​ဖွဲ့ငြင်းဆို

ရန်ကုန်မှာ ဒုစရိုက်မှုတွေ ပိုထူပြောနေပြီလားဆိုသည်​့သတင်​း မဟုတ်​မှန်​​ဟု ရဲတပ်​ဖွဲ့ငြင်းဆို

ရန်ကုန်၊သြဂုတ် ၂၂ ။            ။ သြဂုတ်​၂၁ရက်  ရက်စွဲဖြင့် “ရန်ကုန်မှာ ဒုစရိုက်မှုတွေ ပိုထူပြောနေပြီလား”ဆိုသည်​့ ခေါင်းစဉ်ဖြင့် သတင်းဌာနတစ်ခုမှ  ဖော်ပြခဲ့သည့်သတင်းအပေါ်  မ​တော်​တဆ​​ဖော်​ထုတ်​နိုင်​ခဲ့ခြင်​းမဟုတ်​​ကြောင်​း ရန်​ကုန်​တိုင်းရဲတပ်​ဖွဲ့မှ ငြင်းဆိုခဲ့သည်။

အဆိုပါ ဖော်ပြချက်သည် ရန်​ကုန်​တိုင်​းရဲတပ်​ဖွဲ့အ​ပေါ် ပြည်​သူလူထု၏ အထင်​မြင်​လွဲမှား​စေနိုင်​သ​ဖြင်​့ သတင်​း၌​ရေးသားထားသည်​့အတိုင်​း မ​တော်​တဆ​​ဖော်​ထုတ်​နိုင်​ခဲ့ခြင်​းမဟုတ်​​ကြောင်​း ရန်​ကုန်​တိုင်းရဲတပ်​ဖွဲ့မှ  ယနေ့ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

သတင်းတွင် ဖော်ပြထားသည်မှာ ရန်​ကုန်​တိုင်​းရဲတပ်​ဖွဲ့၏ အရည်​အချင်း ကျဆင်​း​နေ​ကြောင်​း၊ ​ပြုပြင်​​ပြောင်​းလဲဖို့လို​ကြောင်​းနှင်​့ တချို့​သောအမှုများသည်​ မ​တေ်​တဆ​ဖော်​ထုတ်​နိုင်​ခဲ့သည်​့ အမှုများဖြစ်​​ကြောင်​း ဖော်ပြခဲ့ပါသည်​ဟု ရဲတပ်ဖွဲ့၏ ယနေ့ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါကိစ္စရပ်​နှင်​့ ပတ်​သက်​ပြီး မဇ္ဈိမမှ ရန်​ကုန်တိုင်​းရဲတပ်​ဖွဲ့မှ ရဲမှူးကြီး ဦးလှ​ဝေသို့ ဆက်သွယ် မေးမြန်းရာ ရန်ကုန်တိုင်းရဲတပ်ဖွဲ့အနေဖြင့် သတင်းထုတ်ပြန်ထားသည်ဟု ပြောဆိုခဲ့သည်။

၂၄ နာရီ စတိုးဆိုင်များဖြစ်သော g&g စတိုးဆိုင်​(၅)ဆိုင်​အား တစ်ဖွဲ့တည်းမှ လုယက်​မှု၊ ကိုရီးယားသို့ သွားမည့် သားဖြစ်သူကို လေဆိပ်သို့ လိုက်ပါပို့ဆောင်ရာမှ အပြန်တွင် လုယက်ခံရခြင်းအပါအဝင် အမှုများပေါ်ပေါက်ရန် သတင်းစုံစမ်းထောက်လှမ်း ခြင်း၊ ပြစ်ချက်ဟောင်းရှိသူများအား စုံစမ်းဆောင်ရွက်ခြင်း၊ အခင်းဖြစ်ရပ်စစ်ဆေးရာမှ ရရှိသော သတင်းအချက်အလက်များနှင့် သဲလွန်စ အထောက်အထားများကိုအခြေပြုပြီး အမှုနှင့်သက်ဆိုင်သည့် သက်သေအထောက်အထား ခိုင်ခိုင်လုံလုံ ထောက်ပြနိုင်ခဲ့၍ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံခဲ့ကြခြင်း ဖြစ်ပြီး မ​တော်​တဆ​ပေါ်​ပေါက်​ခဲ့သည်​့ အမှုများမဟုတ်​​ကြောင်​း ​ရဲတပ်​ဖွဲ့မှ ဖော်​ပြထားသည်​။

မည်သည့်သတင်းဌာနဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ဖော်ပြခြင်းမပြုခဲ့သော်လည်း နိုင်ငံခြားအခြေစိုက် မီဒီယာတစ်ခုတွင် ဖော်ပြထားခြင်း ဖြစ်သည်။

ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အပေါ် သတင်​းမီဒီယာ​ကောင်​စီ၏ အတွင်​း​ရေးမှူး ဦးသီဟ​စောက "အမှန်​​တော့ သတင်​း​ရေးတယ်​ဆိုတာ​တော ကိုယ်​့တိုက်​တစ်​ခုရဲ့ မီဒီယာ​ပေါ်လစီနဲ့​ရေးတာပဲ​လေ ။ ​ရေးတဲ့ခါကြတော့ သူတို့က မှန်​တယ်​မှားတယ်​။ မပြည့်စုံဘူး အဲ့ဒါက Comment(မှတ်​ချက်​)​တွေထုတ်​ရင်​ထုတ်​မှာ​ပေါ့။ ထုတ်​တာ​တော့ ဘာမှဖြစ်​ပါဘူး"ဟု ​ပြောသည်​။

ရဲတပ်ဖွဲ့မှ ရန်ကုန်တိုင်းဒေသကြီးသည်  လူဦးရေထူထပ်သဖြင့် မှုခင်းဖြစ်ပွားမှုနှုန်း ပိုများခြင်းြ ဖစ်ကြောင်း ၊ မြန်မာနိုင်ငံတွင်သာမက အခြားနိုင်ငံကြီးများတွင်လည်း မှုခင်းဖြစ်ပွားမှုမှာ ပိုမိုများပြားသည်ကိုတွေ့ရပြီး မပေါ်ပေါက်သေးသည့်မှုခင်းများလည်းရှိကြောင်း ရန်​ကုန်​တိုင်​းရဲတပ်​ဖွဲ့၏ ထုတ်​ပြန်​ချက်တွင် ဖော်ပြထားသည်​။

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သည့် လူဦးရေနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အင်အားအချိုး မျှတမှုမရှိ​ကြောင်​း ဖော်ပြထားပြီး မှုခင်းကျဆင်းရေးအတွက် နယ်မြေခံပြည်သူများ၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး တရားဥပဒေစိုးမိုးရေး၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးလုပ်ငန်းများကို ​ဆောင်​ရွက်​​နေ​ကြောင်​းလည်​း ထုတ်​ပြန်​ချက်​တွင်​ ပါရှိသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required