မာဆေးမြို့ ဘတ်စ်ကားမှတ်တိုင်ရှိ လူများကို ကားဖြင့်ဝင်တိုက်ခဲ့သူမှာ စိတ်ပိုင်းဆိုင်ရာ မူမမှန်သူဟု ပြင်သစ်ရဲတပ်ဖွဲ့ ပြော

မာဆေးမြို့ ဘတ်စ်ကားမှတ်တိုင်ရှိ လူများကို ကားဖြင့်ဝင်တိုက်ခဲ့သူမှာ စိတ်ပိုင်းဆိုင်ရာ မူမမှန်သူဟု ပြင်သစ်ရဲတပ်ဖွဲ့ ပြော

သြဂုတ် ၂၂ ။               ။ ပြင်သစ်နိုင်ငံ တောင်ပိုင်း မာဆေးမြို့တွင် ယမန်နေ့က ဘတ်စ်ကားမှတ်တိုင်နှစ်ခု၌ ကားစောင့်နေသူများကို ကားတစ်စီးက တစ်ရှိန်ထိုး ၀င်တိုက်သွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ အမျိုးသမီး တစ်ဦး သေဆုံးပြီး အခြားအမျိုးသားတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်။

ယခုအခါ အဆိုပါ ကားမောင်းနှင်သူ ဒရိုင်ဘာဖြစ်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေခဲ့ပြီးနောက် ၎င်းမှာ စိတ်ပိုင်းဆိုင်ရာ မူမမှန်ဘဲ စိတ်ချို့ယွင်းနေသူတစ်ဦးဖြစ်ကြောင်း ထုတ်ပြန်ပြောကြားလာခဲ့သည်။

သြဂုတ် ၂၁ ရက်က မာဆေးမြို့တွင်း ရပ်ကွက်နှစ်ခု၌ ဘတ်စ်ကားမှတ်တိုင်နှစ်ခုကို အဆိုပါ  အမျိုးသားက ဗင်ကားတစ်စီးဖြင့် ၀င်တိုက်ခဲ့ပြီးနောက် တစ်ဦးသေဆုံးပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာရသွားခဲ့ခြင်း ဖြစ်သည်။ ၎င်းကားမောင်းနှင်သူ အမျိုးသားကိုလည်း ရဲများက ဖမ်းဆီးခဲ့ရသည်။

ဖြစ်စဉ်ဖြစ်ပြီးနောက် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် ၎င်းကားဒရိုင်ဘာအမျိုးသားမှာ အသက် ၃၀ အရွယ်ရှိပြီး ပြင်သစ်နိုင်ငံ အရှေ့ပိုင်း ဂရီနိုဘယ်ဒေသက ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ယခု မာဆေးမြို့ ကားတိုက်မှုဖြစ်စဉ်မတိုင်မီ ပြီးခဲ့သည့် ရက်များအတွင်းက စပိန်နိုင်ငံ ဘာစီလိုနာမြို့နှင့် ကမ်ဘရီမြို့တို့တွင် လူပေါင်း ၁၄ ဦးထက်မနည်း သေဆုံးခဲ့သည့် လူအုပ်ထဲ ကားဖြင့်ဝင်တိုက်မှု အကြမ်းဖက်ဖြစ်စဉ်များလည်း ဖြစ်ပေါ်ထားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required