အာဆင်နယ်ယူ ၂၃ ပွဲတွင်ပြိုင်ဘက်ကို တုန့်ပြန်ရန်ပြုခဲ့၍ ဝီလ်ရှီးယား အနီကတ်ပြခံရ

အာဆင်နယ်ယူ ၂၃ ပွဲတွင်ပြိုင်ဘက်ကို တုန့်ပြန်ရန်ပြုခဲ့၍ ဝီလ်ရှီးယား အနီကတ်ပြခံရ

သြဂုတ် ၂၂၊ လန်ဒန်။            ။ အာဆင်နယ်ယူ ၂၃ ပွဲစဉ်တွင် ပြိုင်ဘက်ကိုရန်ပြုခဲ့၍ အနီကတ်ပြခံရသည့် ဝီလ်ရှီးယားသည် အာဆင်နယ်အသင်း၏ အရေးယူမှု နှင့်လည်း ရင်ဆိုင်ရဖွယ်ရှိသည်။

အသက် ၂၅ နှစ်အရွယ် ဝီလ်ရှီးယားသည် ယမန်နှစ်ရာသီနှောင်းပိုင်းက ဘုန်းမောက်တွင်ကစားစဉ်ရရှိခဲ့သည့် ခြေထောက်ကျိုး သည့်ဒဏ်ရာမှ ပြန်ကောင်းလာပြီးနောက် ဘောလုံးပြန်ကစားနိုင်ရန်   ပြင်ဆင်နေခြင်းဖြစ်သည်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးကလည်း အချိန်တိုအတွင်း ဝီလ်ရှီးယားပြန်လာနိုင်မည်ဟုမျှော်လင့်နေသော်လည်း ယခုအခါ တိုက်ရိုက်အနီကတ်ကြောင့် ပွဲပယ်ကာလတစ်ခုနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။

အာဆင်နယ်ယူ ၂၃ အသင်းက မန်စီးတီးယူ ၂၃ အသင်းကို ၄-၃ ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် မန်စီးတီးမှ ဝီလ်ဆင်၏ ဘောလုံးဖျက်ထုတ်ပုံကြမ်းတမ်းမှုကို ဝီလ်ရှီးယားက တုန့်ပြန်ရန်ပြုခဲ့ခြင်းဖြစ်သည်။

ယင်းပွဲစဉ်တွင် ဝီလ်ရှီးယားမှာ စီးတီးကစားသမားများ၏ပစ်မှတ်ဖြစ်ခဲ့ပြီး ကြမ်းတမ်းသည့်ဖျက်ထုတ်မှုအမြောက်အမြားနှင့်လည်း ကြံုတွေ့ခဲ့ရသည်။

ဝီလ်ရှီးယားသည် အာဆင်နယ်ယူ ၂၃ အသင်း ၄-၁ ဂိုးဖြင့်အနိုင်ရနေစဉ် ပွဲချိန် ၆၃ မိနစ်တွင် အနီကတ်ပြထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required