ရုရှတောင်ပိုင်း မြို့တွင် မီးပျံ့နှံ့လောင်ကျွမ်း၍ မြို့နေ ရာပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေး

ရုရှတောင်ပိုင်း မြို့တွင် မီးပျံ့နှံ့လောင်ကျွမ်း၍ မြို့နေ ရာပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေး

မော်စကို၊ သြဂုတ် ၂၂ ။                ။ ရုရှနိုင်ငံ တောင်ပိုင်း ရိုစတော့ဗ်အွန်ဒွန် မြို့အနီးတစ်ဝိုက်တွင် သြဂုတ် ၂၁ ရက်တွင် မီးကူးစက်လောင်ကျွမ်းခြင်းကြောင့် ရဟတ်ယာဉ်များဖြင့်ပါ မီးငြိှမ်းသတ်နေပြီး အာဏာပိုင်များက မြို့နေ ရာပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရသည်။

တစ်နာရီ ကီလိုမီတာ ၅၀ ကျော်သည့် လေတိုက်နှုန်းကြောင့် မီးငြိှမ်းသတ်ရာတွင် အခက်အခဲဖြစ်နေသည်။

“မီးက အိမ်ခြေပေါင်း ၃၀ ကျော်ကို ဝါးမြိုသွားပြီ။ လူ ၅၆၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားရတယ်။”ဟု ရိုစတော့ဗ်ဒေသအုပ်ချုပ်ရေးရုံးက ထုတ်ပြန်သည်။ ရိုစတော့ဗ်အွန်ဒွန်မြို့သည် မော်စကိုတောင်ဖက် ကီလိုမီတာ ၉၆၀ တွင် ရှိပြီး ဒေသ၏ မြို့တော်ဖြစ်သည်။

ယခုမီးလောင်ရသည့် အကြောင်းရင်းကို မသိရသေးကြောင်း ဒေသအာဏာပိုင်များက ပြောသော်လည်း စွန့်ပစ်အိမ်တစ်လုံးက စတင်လောင်ကျွမ်းခြင်းဖြစ်ပြီး အနီးက အိမ်ရာအဆောက်အအုံများသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်သည်ဟု ပြောသည်။

မီးလောင်မှုတွင် လူစုစုပေါင်း ၂၂ ဦး ဆေးကုသရန် လိုအပ်နေပြီး သုံးဦးက မီးလောင်ဒဏ်ရာများကြောင့် ဆေးရုံတင်ထားရကြောင်း ဒေသကျန်းမာရေးဝန်ကြီးဌာနမှ ပြောခွင့်ရသူတစ်ဦးက TASS နိုင်ငံပိုင်သတင်းသို့ ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly