ဇင်းနစ်တိုက်စစ်မှူး ရွန်ဒွန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ၀က်စ်ဘရွန်းခေါ်ယူ

ဇင်းနစ်တိုက်စစ်မှူး ရွန်ဒွန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ၀က်စ်ဘရွန်းခေါ်ယူ

သြဂုတ် ၁၁၊ အင်္ဂလန် ။          ။ ဝက်စ်ဘရွန်းအသင်းသည် ဇင်းနစ်အသင်းမှ ဗင်နီဇွဲလား တိုက်စစ်မှူး ဆော်လမွန်ရွန်ဒွန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၂ သန်းဖြင့် လေးနှစ်စာချုပ် ချုပ်ဆိုကာခေါ်ယူလိုက်ပြီ ဖြစ်သည်။

အရပ် ခြောက်ပေသုံးလက်မမြင့်ပြီး အသက် ၂၅ နှစ်အရွယ်ရှိ ရွန်ဒွန်သည် ဖူလ်ဟမ်ကစားသမား အမိုရီဘီတာပြီးနောက်တွင် ပရီးမီးယားလိဂ်သို့ ရောက်ရှိလာသည့် ဒုတိယမြောက် ဗင်နီဇွဲလား ကစားသမားဖြစ်သည်။

ဝက်စ်ဘရွန်းသို့ ပြောင်းရွှေ့နိုင်ပြီးနောက်တွင် ရွန်ဒွန်က 'ဒီကို ပြောင်းနိုင်ခဲ့လို့ ဝမ်းသာပါတယ်။ ဒါက ကျွန်တော့်ကစားသမားဘဝအတွက် အခွင့်အရေးသစ်ပါ။ အသင်းဖော်တွေနဲ့အတူ ပွဲထွက်ကစားဖို့ မစောင့်နိုင်တော့ပါဘူး။ ဝက်စ်ဘရွန်းက ကျွန်တော့်ကိုခေါ်ဖို့ အလွန်စိတ်ဝင်စားခဲ့ပါတယ်။ ဒါက ကစားသမားတစ်ယောက်အတွက် အရမ်းအရေးကြီးပါတယ်' ဟု ပြောသည်။

ရွန်ဒွန်သည် ရုရှပရီးမီးယားလိဂ်တွင် ကစားခဲ့သည့် ၂ နှစ်အတွင်း လိဂ်ပွဲစဉ် ၃၇ ပွဲတွင် ဂိုး ၂၀ အထိသွင်းယူနိုင်ခဲ့သူ ဖြစ်သည်။ နိုင်ငံလက်ရွေးစင်အသင်းအတွက်လည်း ၃၉ ပွဲတွင် ၁၃ ဂိုးသွင်းထားသည်။

Ref: Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly