တစ်နိုင်ငံလုံး ကြံုတွေ့ရတဲ့ နှစ်တစ်ရာအတွင်း နေအပြည့်ကြတ်မှုကို ဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှ ကြည့်ရှု

တစ်နိုင်ငံလုံး ကြံုတွေ့ရတဲ့ နှစ်တစ်ရာအတွင်း နေအပြည့်ကြတ်မှုကို ဒေါ်နယ်ထရမ့် အိမ်ဖြူတော်မှ ကြည့်ရှု

ဝါရှင်တန်ဒီစီ၊ သြဂုတ် ၂၂ ။             ။ အမေရိကန် ပြည်သူတွေဟာ သြဂုတ် ၂၁ ရက်မှာ ကြံုတွေ့တဲ့ နေအပြည့်ကြတ်မှုကို ကြည့်ရှုခဲ့ကြပါတယ်။

နှစ်တစ်ရာအတွင်းမှာ ပထမဆုံး နေအပြည့်ကြတ်မှုကို အိမ်ဖြူတော်ကနေပြီး သမ္မတဖြစ်သူကိုယ်တိုင်လည်း ထွက်ကြည့်ခဲ့ပါတယ်။ သမ္မတ ဒေါ်နယ်ထရမ့်က ဇနီးဖြစ်သူ မယ်လန်နီယာထရမ့်၊ သားဖြစ်သူ ဘာရွန်တို့နဲ့အတူ အိမ်ဖြူတော်က ထရူးမင်းလသာဆောင်ကနေပြီး နေကြတ်မှု ကြည့်တဲ့မျက်မှန်နဲ့ ထွက်ကြည့်ခဲ့ကြတာဖြစ်ပါတယ်။

အမေရိကန်ရဲ့ အနောက်ဖက် အော်ရီဂွန်ပြည်နယ်ကနေ အရှေ့ပိုင်း တောင်ကာရိုလိုင်းနားအထိ တစ်လျှောက် နေရှေ့ လဖြတ်သန်းပြီး အမှောင်ထုဖုံးတဲ့ နေကြတ်တဲ့ဖြစ်စဉ် ဖြစ်ပေါ်ခဲ့တာပါ။

လုံးလုံး နေကြတ်မှုကို ကြည့်ဖို့အတွက် သန်းပေါင်းများစွာသော ပြည်သူတွေဟာ နေကြတ်လို့ အမှောင်ဖုံးလွှမ်းမှုဖြစ်မယ့် နယ်မြေတွေဆီ ကြိုတင်လာရောက်နေကြတာဖြစ်ပြီး အကာအကွယ်မျက်မှန်နဲ့ ကြည့်ရှုကြပါတယ်။

အမေရိကန် အနိမ့်ပိုင်း ၄၈ ပြည်နယ်မှာ ခုနေအပြည့်ကြတ်မှုကို ၃၈ နှစ်အတွင်းမှာ ပထမဆုံးအကြိမ် မြင်တွေ့ရတာဖြစ်ပြီး ကမ်းခြေဒေသနယ်မြေများအတွက်တော့ ၁၉၈၁ ခုနှစ်က စပြီး နှစ်ပေါင်း ၉၉ အတွင်းမှာ ပထမဆုံး တွေ့ကြံုရတာဖြစ်ပါတယ်။

နေစကြတ်တာက အော်ရီဂွန်ပြည်နယ်မှာ ဒေသစံတော်ချိန် ဆယ်နာရီ ဆယ်ခြောက်မိနစ်မှာ စတင်ဖြစ်ပေါ်ခဲ့တာပါ။

ကမ်းခြေတွေနဲ့ မြို့တွေမှာ နေကြတ်တာ ကြည့်သူတွေ တစ်အုပ်တစ်ခဲ အများအပြားရှိနေပြီး လက နေရှေ့က လုံးလုံးဖုံးကွယ်ပိတ်ဆီးသွားတဲ့ နေအပြည့်ကြတ်မှု ကြာချိန်ဟာ အချိန်နှစ် မိနစ် ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly