တူရကီကလပ် အန်တယ်ယာစပေါအသင်းသို့ မန်စီးတီးကွင်းလယ်လူ နာဆရီ ပြောင်းရွှေ့

တူရကီကလပ် အန်တယ်ယာစပေါအသင်းသို့ မန်စီးတီးကွင်းလယ်လူ နာဆရီ ပြောင်းရွှေ့
(ဓာတ်ပုံ - အီးပီအေ)

ပြင်သစ်ကွင်းလယ်ကစားသမား နာဆရီဟာ  မန်ချက်စတာစီးတီးမှ တူရကီကလပ် အန်တယ်ယာစပေါအသင်းသို့ ပေါင် (၈)သန်းဖြင့် အပြီးသတ် ပြောင်းရွှေ့သွားခဲ့ကြောင်း သိရပါတယ်။

နာဆရီဟာ ၂၀၁၁ ခုနှဏ်က အာဆင်နယ်မှ မန်စီးတီးအသင်းသို့ ပေါင် (၂၅)သန်းဖြင့် ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် (၁၇၆)ပွဲကစားခဲ့ရာ ဂိုး (၂၇) သွင်းယူခဲ့ကာ မန်စီးတီးအသင်းနှင့်အတူ ပရီးမီးယားလိဂ် ချန်ပီယံဆု (၂)ကြိမ် ရယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

အသက် ၃၀ ရှိ ကွင်းလယ်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက စပိန်ကလပ် ဆီဗီလာအသင်းထံ အငှားဖြင့် သွားရောက် ကစားခဲ့ပြီး အသင်းကို လာလီဂါအမှတ်ပေးဇယား အဆင့် (၄)နေရာမှာ ရပ်တည်အောင် ကူညီပေးခဲ့ပါတယ်။

နာဆရီကို ပြင်သစ်ကလပ် နိုက်စ်အသင်းကလည်း စိတ်ဝင်စားခဲ့ပေမယ့် အငှားဖြင့်သာ ခေါ်ယူလိုတာကြောင့် အပြောင်းအရွှေ့ဖြစ်မလာဘဲ အပြီးသတ်ခေါ်ယူလိုတဲ့ အန်တယ်ယာစပေါအသင်းက ကစားသမားကို (၂)နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

နာဆရီဟာ ပြင်သစ်အသင်းအတွက် (၄၁)ပွဲကစားခဲ့ပေမယ့်လည်း နည်းပြ ဂွာဒီယိုလာရဲ့ လက်အောက်မှာ နေရာပျောက်ဆုံးလာခဲ့ပြီး အခုလို တူရကီကလပ်နှင့် ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly