သီရီမင်္ဂလာ​စျေး​ဟောင်​း ဖျက်သိမ်းသင့်၊ မသင့်မြို့​တော်​ဝန်နှင့် တွေ့ဆုံ ဆုံးဖြတ်​သွားမည်​

သီရီမင်္ဂလာ​စျေး​ဟောင်​း ဖျက်သိမ်းသင့်၊ မသင့်မြို့​တော်​ဝန်နှင့် တွေ့ဆုံ ဆုံးဖြတ်​သွားမည်​

ရန်​ကုန်​၊သြဂုတ်​၂၁ ။          ။ အန္တရာယ်​ရှိအ​ဆောက်​အဦ သီရီမင်္ဂလာ​စျေး​ဟောင်​းအား ပြန်​လည်​ပြင်​သင်​့၊ မသင်​့နှင်​့ ဖျက်​သိမ်​းသင်​့၊ မသင်​့ကို ရန်​ကုန်​မြို့​တော်​ဝန်​နှင်​့ ​တွေ့ဆုံဆုံးဖြတ်​သွားမည်​ဖြစ်​​ကြောင်​း ယ​နေ့သြဂုတ်​လ(၂၁)ရက်​​နေ့တွင်​ လွှတ်​​တော်​၌ ​ပြောခဲ့ကြောင်း သိရသည်​။

"လွှတ်​​တော်​ဥက္ကဋ္ဌကြီးက တင်​ပြတဲ့ကိစ္စကို မြို့​တော်​ဝန်ကို တင်​ပြပြီး​တော့ ဒီက​လူ​တွေ(သီရီမင်္ဂလာ​ယာဉ်​​ရောင်​းဝယ်​​ရေး)နဲ့ ​တွေ့ဆုံ​ပေးမယ်​။ အဲဒီ​နေ့ကျမှပဲ သ​ဘောက ပြင်​ဆင်​မလား ၊ ဘာလုပ်​မလဲ​ပေါ့​"ဟု ကြည်​့မြင်​တိုင်​မြို့နယ်​ ၊ မဲဆန္ဒနယ်​အမှတ်​(၂) ရန်​ကုန်​တိုင်​း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးခင်​ဝင်​းက​ ပြောသည်​။

အန္တရာယ်​ရှိအ​ဆောက်​အဦ သီရိမင်္ဂလာ​​စျေး​ဟောင်​းအား ပညာရှင်​များနှင်​့ ပြန်​လည်​စစ်​​ဆေးသွားရန်​ရှိ​နေသည်​ဟု  ယနေ့ပြုလုပ်သော လွှတ်တော်ကော်မတီအစည်းအဝေးအရ သိရသည်​။

ရန်​ကုန်​မြို့​တော်​ဝန်​ ဦး​မောင်​မောင်​စိုးမှာ လက်​ရှိအချိန်​တွင်​ ဂျပန်​နိုင်​ငံသို့သွား​ရောက်​​နေရပြီး သြဂုတ်​လ(၂၆)ရက်​​​နေ့ခန်​့တွင်​ ပြန်​​ရောက်​နိုင်​သည်​ဟု ၎င်းမှဆက်​​ပြောသည်​။

"မြို့​တော်​ဝန်​နဲ့​တွေ့ဖို့က ဂျပန်​ကိုသွား​နေ​တာဆို​တော့ သူပြန်​လာမှငါတို့​တွေ့ရမယ်​ ပြင်​ဆင်​မယ်​မပြင်​ဆင်​ဘူးဆိုတဲ့အ​ဖြေက မြို့တော်​ဝန်​ပြန်​လာလို့ ​တွေ့ပြီးတဲ့အချိန်​မှပဲသိလိမ်​့မယ်​"ဟု ကြည်​့မြင်​တိုင်​မြို့နယ်​ မဲဆန္ဒနယ်​အမှတ်​(၂) ရန်​ကုန်​တိုင်​း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦးခင်​ဝင်​းက​​ပြောသည်​။

၂၀၁၀ခုနှစ်​ကတည်​းက ဖွင်​့လှစ်​ထား​သော သီရီမင်္ဂလာ​စျေး​ဟောင်​းရှိ ယာဉ်​​ရောင်​းဝယ်​​ရေးစခန်​းမှ လူများကို ပြောင်​း​ရွှေ့ကြရန်​ ရန်​ကုန်​မြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီမှ သြဂုတ်​(၁၆)ရက်​​နေ့တွင်​ သတိ​ပေး​စာများကပ်​ကာ​ ကြေညာထားသည်​။

ကြည့်မြင်တိုင်ရှိ သီရီမင်္ဂလာ​စျေးတွင် ယခင်​က ကုန်​စိမ်​း၊ကုန်​​ခြောက်​များ​ရောင်​းချခဲ့ပြီး ယခု လှိုင်​မြို့နယ်​တွင်​ သီရီမင်္ဂလာ​စျေးသစ်​အဖြစ်​ ​ပြောင်​းလဲဖွင်​့လှစ်​ခဲ့သည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly