NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီကို ဦးဉာဏ်ဝင်းဦးဆောင်မည်

NLD ပါတီ ဗဟိုပြန်ကြားရေးကော်မတီကို ဦးဉာဏ်ဝင်းဦးဆောင်မည်

ရန်ကုန် ၊ သြဂုတ် ၂၁ ။            ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ ဗဟိုပြန်ကြားရေးကော်မတီကို  ဦးဉာဏ်ဝင်းက ဥက္ကဌ အဖြစ်တာဝန်ယူ ဦးဆောင်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။

ဦးဉာဏ်ဝင်း က ဥက္ကဌ ၊ ဦးအေးကြူ(ခ) မုံရွာအောင်ရှင် က အတွင်းရေးမှူး အဖြစ် တာဝန်ယူပြီး အဖွဲ့ဝင် ၉ ဦး စုစုပေါင်း ၁၁ ဦး ပါ၀င်သည့် ဗဟိုပြန်ကြားရေးကော်မတီ ကို ယမန်နေ့က ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဖွဲ့စည်းကြောင်း ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ယင်း ဗဟိုပြန်ကြားရေး ကော်မတီတွင် ဦးကျော်အေးနိုင် ၊ ဦးကြည်တိုး ၊ ဦးငြိမ်းသစ် ၊ ဦးတင်လှ ၊ ဦးနေဘုန်းလတ် ၊ ဦးရဲမင်းဦး ၊ ဦးလွင်ကိုလတ် ၊ ဦးဝေဖြိုးဟန် (အင်းစိန်) ၊ ဦးသန့်ဇင်ထွန်း တို့က အဖွဲ့ဝင်အဖြစ် ပါ၀င်ကြောင်း ထုတ်ပြန်စာအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags