Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု တတိယအကြိမ် ရုံးထုတ်

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအမှု တတိယအကြိမ် ရုံးထုတ်

မန္တလေး၊ သြဂုတ်လ ၂၁ ။            ။ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အရေးယူခံထားရသည့် Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို သြဂုတ်လ ၂၁ ရက်၊နံနက် ၁၀ နာရီက မန္တလေးမြို့ မဟာအောင်မြေတရားရုံးတွင် တတိယအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်းသိရသည်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းအား တရားလိုပြုလုပ်တိုင်ကြားခဲ့သူမှာ မန္တလေးမြို့၌ အစိုးရဖြုတ်ချရေး သပိတ်စခန်းဖွင့်ရာတွင် ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံထားရခြင်း ကြောင့် ယနေ့ရုံးချိန်းတွင် ထောင်ထုတ်မိန့်မရရှိသေးသဖြင့် လာရောက်နိုင်ခြင်း မရှိကြောင်းသိရသည်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက"ကြိုသိရရင်တော့ ကောင်းတာပေါ့။အခုတော့ ဒီရောက်မှပဲ သိတယ်။ နောက်ရုံးချိန်းကတော့ ၄ ရက်နေ့ပါ။"ဟုပြောသည်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က "အချုပ်တရားခံ (သို့မဟုတ်))၊ထောင်ကျခံ တရားခံတစ်ဦးကို ရုံးထုတ်ဖို့က မြို့နယ်အဆင့်နဲ့မရဘူး။သက်ဆိုင်ရာ ဌာနနှစ်ခု ညှိုနှိုင်းလုပ်ရတာ။ပြီးတော့ မြို့နယ်ကျော်ပြီးရုံးထုတ်ရတာဖြစ်တဲ့အတွက် ဒါကတော့ အခက်အခဲဖြစ်တတ်ပါတယ်။ဒါကိုတော့ ကျွန်တော်တို့ဘက်က နားလည်ပေးရမှာပေါ့။"ဟုပြောသည်။

ယခုအမှုကို အမြန်ဆုံး စစ်ဆေးဆောင်ရွက်ပေးရန်အတွက် မဟာအောင်မြေတရားရုံးကို တင်ပြတောင်းဆိုထားသည်ဟုလည်း ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required