ရခိုင်တွင် INGO အဖွဲ့အစည်းများအား ဆက်မထားရှိရန် ဆန္ဒပြတောင်းဆိုမှုမှာ ထူးခြားမှုမရှိသည့်အတွက် အစိုးရထံ တိုက်ရိုက်တင်ပြသွားမည်

ရခိုင်တွင် INGO အဖွဲ့အစည်းများအား ဆက်မထားရှိရန် ဆန္ဒပြတောင်းဆိုမှုမှာ ထူးခြားမှုမရှိသည့်အတွက် အစိုးရထံ တိုက်ရိုက်တင်ပြသွားမည်
ဓာတ်ပုံ - နောင်နောင်/RiA

စစ်တွေ၊ သြဂုတ်လ ၂၁ ရက်။       ။ ရခိုင်မြောက်ပိုင်းဒေသ တိုင်းရင်းသားမျိုးနွယ်စုဝင်များ အပြစ်မဲ့သတ်ဖြတ်ခံရမှုများ ၏ နောက်ကွယ်မှ အကူညီပေးမှုများ ဆောင်ရွက်နေသည်မှာ   နိုင်ငံတကာအဖွဲ့အစည်းများ  ပါဝင်နေသည်ဟု ဆိုကာ UNHCR၊ WFP အပါအဝင် INGO အဖွဲ့အစည်းများအား ရခိုင်ပြည်နယ်တွင် ဆက်လက်မထားရှိရန် ဆန္ဒပြတောင်း ဆိုမှု တစ်ခုကို သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့ကြသည်။

အဆိုပါ ဆန္ဒပြတောင်းဆိုမှုသည် တစ်ပတ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း တစ်စုံတစ်ရာ ထူးခြားမှု မရှိသောကြောင့် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ဦးဆောင်သော စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီ စောင့်ရှောက်ရေး ရဟန်းတော်များက သြဂုတ်လ ၂၀ ရက်နေ့က စစ်တွေမြို့ စစ်ကဲတော်မင်း ကျောင်းတိုက်တွင် အစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်ခဲ့ကြ ကြာင်း ဆန္ဒဖော်ထုတ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ဌေးက ပြောသည်။

ရခိုင်ဒေသတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်လုပ်ရပ်များအပေါ် INGO များက ကူညီခဲ့ကြသည်ဟု ဆိုကာ အဆိုပါအဖွဲ့အစည်းများ ရခိုင်တွင် မထားရှိရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

ဦးအောင်ဌေးက “ရခိုင်ဒေသမှာ ဖြစ်ပွားနေတဲ့ ဘင်္ဂလီအကြမ်းဖက်တွေရဲ့ လုပ်ရပ်အပေါ်မှာ ကူညီနေတဲ့ UNHCR၊ WFP အပါအဝင် INGO အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်ချက်တွေကို လက်မခံနိုင်ကြောင်း ပြည်သူတွေ တောင်းဆိုထားတာ တစ်ပတ်ရှိပြီ။ အစိုးရအနေနဲ့ ဘာမှအကြောင်းပြန်ကြားလာတဲ့ဟာမရှိတဲ့ အတွက်ကြောင့် ဒီအကြောင်းရာပေါ်မှာ ဘယ်လိုဆက်ပြီးတော့ လုပ်သင့်တယ်ဆိုတာကို ဆွေးနွေးကြတာ ဖြစ်ပါတယ်” ဟု ပြောသည်။

သြဂုတ်လ ၁၃ ရက်နေ့က ပထမအကြိမ်အဖြစ် ဆန္ဒပြတောင်းဆိုခဲ့ရာတွင် ယင်းနိုင်ငံတကာအဖွဲ့အစည်းများ အား ရခိုင် ပြည်နယ်မှ ထုတ်ပေးရန် သတ်မှတ်သည့်အချိန်မရှိခဲ့သည့်အတွက် သြဂုတ်လ ၂၇ ရက်နေ့ နောက်ဆုံးထား၍ နောက် ထပ်တစ်ဖန် အစိုးရထံ တောင်းဆိုသွားမည်ဟု ဦးအောင်ဌေးက ဆိုသည်။

“လာမယ့် တနင်္ဂနွေနေ့ ၂၇ ရက်နေ့မှာ ရခိုင်ပြည်ကနေ UNHCR၊ WFP အပါအဝင် INGO တွေကို အစိုးရက လက်မခံဘဲ နှင်ထုတ်ပေးပါဆိုတာကို သွားရောက်ပြီးတော့ တောင်းဆိုသွားမှာ ဖြစ်ပါတယ်။ အကယ်၍ အစိုးရအနေနဲ့ ပြန်ပြီးတော့ ဘာမှအကြောင်းပြန်မလာဘူးဆိုရင် ကျွန်တော်တို့က အစိုးရရုံးရှေ့မှာ သော်လည်းကောင်း၊ INGO များ ရုံးစိုက်ရာနေ ရာတစ်ခုခုမှာသော်လည်းကောင်း   ပြည်သူလူထုကိုယ်စားပြု ဆန္ဒဖော်ထုတ်မှုကော်မတီကနေပြီး အဲဒီနေရာမှာပဲ ဆက်တိုက်ဆန္ဒပြတဲ့ ပုံစံမျိုးဖြစ်ဖြစ်။ ရက်ရှည် ဆန္ဒပြတဲ့ ပုံစံမျိုးဖြစ်ဖြစ် အစိုးရကို ဖိအားပေးမှုတွေ လုပ်သွားမယ်”ဟု ဆိုသည်။

ယင်းနိုင်ငံတကာ အဖွဲ့အစည်းများအား ရခိုင်ပြည်မှ ထုတ်ပယ်ပေးရေးကိစ္စနှင့် ပတ်သတ်၍ အစည်းအဝေး ခေါ်ယူရာ တွင် စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး ရဟန်းတော်များ အပါဝင် နိုင်ငံရေးပါတီ အချို့မှ ပါတီဝင်များ၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အချို့နှင့် မြို့မိမြို့ဖ ရ၀ ခန့်ပါဝင်ကာ ဆုံးဖြတ်ခဲ့ကြခြင်းလည်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် ပြည်သူလူထုတို့၏ ကိုယ်စား အစိုးရထံ တင်ပြတောင်းဆိုရာတွင် ပါဝင်ရန် ကော်မတီဝင် (၁၀) ဦးပါဝင်သည့် “ပြည်သူလူထုကိုယ်စားပြု ဆန္ဒဖော်ထုတ်မှုကော်မတီ” တစ်ရပ်ကို ဖွဲ့စည်းလိုက်ကြောင်း သိရ သည်။

သြဂုတ်လ ၁၃ ရက်နေ့က နိုင်ငံတကာအဖွဲ့အစည်းများအား ရခိုင်ပြည်တွင်ဆက်လက်မထားရှိရန် ဆန္ဒပြတောင်း ဆိုမှုနှင့် ပတ်သတ်၍ အစိုးရထံမှ ပြန်ကြားထားခြင်း တစ်စုံတစ်ရာမရှိသေးသောကြောင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် သြဂုတ်လ ၂၂ ရက်နေ့တွင် တွေ့ဆုံကာ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly