ဧရာဝတီတိုင်းဒေသကြီးတွင်း H1N1 လူနာ(၁)ဦး ထပ်မံသေဆုံး

ဧရာဝတီတိုင်းဒေသကြီးတွင်း H1N1 လူနာ(၁)ဦး ထပ်မံသေဆုံး
H1N1ရောဂါပိုး ကာကွယ်ရန် နှာခေါင်စည်းများ တပ်ဆင်နေမှုများကို တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ရန်​ကုန်​၊သြဂုတ်​၂၁ ။           ။ ဧရာဝတီတိုင်​း​ဒေသကြီးတွင်​ Seasonal Influenza A(H1N1) ရောဂါဖြင့် သြဂုတ်​လ(၂၀)ရက်​​နေ့ ၌ (၁)ဦး ထပ်​မံ​သေဆုံးခဲ့ကြောင်း ကျန်​းမာ​ရေးနှင်​့ အားကစားဝန်​ကြီးဌာန၏ စာရင်းများအရ​တွေ့ရသည်​။

ဧရာဝတီတိုင်​း​ဒေသကြီး၌ သြဂုတ်​(၁၉)ရက်​​နေ့ ထုတ်​ပြန်​ချက်​တွင် ​သေဆုံးသူ(၁၁)ဦး ရှိ​နေပြီး သြဂုတ်​လ(၂၀)တွင်​ ​သေဆုံးသူ(၁၂)ဦး ဖြစ်​လာသည်​။

ရောဂါဖြစ်​ပွားသူ စာရင်းတွင် ဧရာဝတီတိုင်​း​ဒေသကြီး၊ ရခိုင်​ပြည်​နယ်​၊ မန္တ​လေးတိုင်​း​ဒေသကြီး၊ မ​ကွေးတိုင်​း​ဒေသကြီး၊ စစ်​ကိုင်​းတိုင်​း​ဒေသကြီး၊ ကရင်​ပြည်​နယ်​တို့တွင်​ (၁)ဦးစီ တိုးလာပြီး တနင်္သာရီတိုင်​း​ဒေသကြီးတွင်​ (၃)ဦးတိုးလာခဲ့သည်။

 သြဂုတ်​လ(၁၉)ရက်​မှ(၂၀)ရက်​အထိ ၂၄နာရီအတွင်​း ​H1N1​ရောဂါပိုး​တွေ့ လူနာ(၉)ဦး တိုးလာခဲ့ခြင်းဖြစ်သည်။

တစ်​နိုင်​ငံလုံး အတိုင်​းတာအရ ဧရာဝတီတိုင်​း​ဒေသကြီးတွင် ​H1N1​ရောဂါနှင်​့​ သေဆုံးသူ(၁၂)ဦးဖြင်​့ အများဆုံးဖြစ်​​နေပြီး ရန်​ကုန်​တိုင်​း​ဒေသကြီးတွင် ​ရောဂါပိုး​တွေ့ရှိသူ(၈၃)ဦးဖြင်​့ ​ရောဂါပိုး​တွေ့ရှိမှု အများဆုံးဖြစ်​​နေသည်​။

လက်​ရှိစာရင်​းများအရ တစ်​နိုင်​ငံလုံးတွင် H1N1ပိုး​တွေ့ လူနာ(၂၉၇)ဦးနှင်​့ သေဆုံးသူ(၃၀) ရှိ​နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly