ကလေး ၁၁ ယောက်အပါအဝင် နေအိမ်များမှ လူကြီးများပါ တုပ်ကွေးဖြစ်ပွားလျက်ရှိ

ကလေး ၁၁ ယောက်အပါအဝင် နေအိမ်များမှ လူကြီးများပါ တုပ်ကွေးဖြစ်ပွားလျက်ရှိ

မြိုင်၊ သြဂုတ် ၂၀ ။          ။ မ​ကွေးတိုင်း​​ဒေသကြီး ​​မြိုင်​မြို့နယ်​ ​နှင်​့ စစ်​ကိုင်​းတိုင်​း ပုလဲမြို့နယ်​စပ်​ရှိ ​တောင်​​ပေါ်မူလတန်​း ​ကျောင်​းခွဲမှ ​ကျောင်​းသား၊​ကျောင်​းသူအချို့တွင် ရာသီတုပ်​ကွေး​ရောဂါ အဖြစ်​​များ​နေသည်​့အတွက်​ ​ကျန်​းမာ​ရေး​စောင်​့​ရှောက်​မှုများ ပြုလုပ်​​နေရလျက်​ရှိသည်​ဟု သိရသည်​။

အဆိုပါ စာသင်​​ကျောင်​းတွင်​ ​ကျောင်​းသား၊​ကျောင်​းသူ ၃၀ရှိပြီး ယခု ပြီးခဲ့သည်​့ ​သီတင်​းပတ်​ တနင်္ဂလာ​နေ့မှ စတင်​ကာ ​နေမ​ကောင်​း အဖြစ်​များ​နေခဲ့ခြင်​းဖြစ်​သည်​ဟု တာဝန်​ခံ ​ကျောင်​းဆရာက ဆိုသည်​။

"ဒီတစ်ပတ်​​ကျောင်းစ​ဖွင်​့​တော့ က​လေး ၁၁​ယောက်​​လောက်​ဖျား​နေလို့ ​ကျောင်​းမလာနိုင်​ဘူး။​သူတို့​ကျောင်​းမလာနိုင်​​တော့ ​ဆေး​တွေ​ပေး၊ကျန်​းမာ​ရေးမှူးကို ဖုန်​းဆက်​အကူအညီ​တောင်​းပြီး က​လေး​တွေကို ကျန်​းမာ​ရေး ​စောင်​့​ရှောက်​မှု​တွေ လုပ်​​နေရတယ်​"ဟု တာဝန်​ခံ​ကျောင်​းဆရာ ဦးသန်​းမြင်​့စိုးက ဆိုသည်​။

ယင်​း​တောတန်​း​​နေရာသည်​ မြိုင်​မြို့နယ်​အတွင်​းတည်​ရှိပြီး အိမ်​​ခြေ ၅၀​ကျော်​ရှိကာ အိမ်​တိုင်​းနီးပါး တုပ်ကွေးဖြစ်​ပွားလျက်​ရှိတယ်​ဟု ​ဒေသခံတို့က ဆိုသည်​။

ယခင်​က ယခုကဲ့သို့ အုပ်​စုလိုက်​ဖျားနာခြင်​းမရှိဘဲ ယခုနှစ်​မှသာ ကြံု​တွေ့ခဲ့ရခြင်​းဖြစ်​ပြီး လက်​ရှိအချိန်​တွင်​ ဗဟင်​းတိုက်​နယ်​​ဆေးရုံ ဆရာဝန်​ကြီးနှင်​့ တစ်​ကိုယ်​​တော်​ပရဟိတအဖွဲ့တို့က ကျန်​းမာ​ရေး​စောင်​့​ရှောက်​မှုပြုလုပ်​​ပေး​နေသည်​ဟု ​​​အိမ်​တန်​းတာဝန်​ရှိသူ ဦးရာ​ပေါက ဆိုသည်​။

"အဓိက က​တော့ ရာသီတုပ်ကွေး​လို့ပဲ ယူဆရတယ်​။နှာ​စေး၊ ချောင်​းဆိုး ပြီး ဖျား​နေတယ်​ဆို​တော့ ရာသီတုပ်​​ကွေး​ပေါ့။ လူဦး​ရေနည်​း​တော့ ကူးစက်​မြန်​တဲ့သ​ဘော​ပေါ့"ဟု ဗဟင်​းတိုက်​နယ်​​ဆေးရုံ ဆရာဝန်​ကြီး ​ဒေါက်​တာ မျိုးဦးက ​ပြောသည်​။

လက်​ရှိအချိန်​တွင်​ ​ကျေးရွာအတွင်​း ​လူဦး​ရေ ၃၀​ကျော်​ ​ဆေးကုသမှုခံခဲ့ပြီး ​စောင်​့ကြည်​့သင့်သည်​့ က​လေးငယ်​ ၃ဦးရှိကာ ဗဟင်​းတိုက်​နယ်​​ဆေးရုံ တွင်​ ​ခေါ်ယူကုသမှု​ပေးလျှက်​ရှိသည်​ဟု သိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required