ကော်တင်ဟိုအတွက် ဘာစီလိုနာနှင့်တွေ့ဆုံဆွေးနွေးရန် လီဗာပူးလ် သဘောတူ

ကော်တင်ဟိုအတွက် ဘာစီလိုနာနှင့်တွေ့ဆုံဆွေးနွေးရန် လီဗာပူးလ် သဘောတူ

သြဂုတ် ၂၀၊ အင်္ဂလန် ။             ။ ကော်တင်ဟို၏အပြောင်းအရွှေ့အတွက် လီဗာပူးလ်အသင်းက ဘာစီလိုနာအသင်းနှင့် တွေ့ဆုံဆွေးနွေးရန် သဘောတူညီလိုက်ပြီဟု သတင်းများထွက်ပေါ်လာခဲ့သည်။

လီဗာပူးလ်အသင်းသာ ချန်ပီယံလိဂ်အုပ်စုအဆင့်သို့တက်ရောက်နိုင်ခဲ့ပါက အုပ်စုမဲခွဲပွဲကျင်းပမည့် ကာလအတွင်း ဘာစီလိုနာအသင်းနှင့် ဆွေးနွေးမည် ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ချန်ပီယံလိဂ် Play-off ပထမအကျော့တွင် ဟော့ဖင်ဟိန်းအသင်းကို အဝေးကွင်းတွင် ၁-၂ ဂိုးဖြင့် အနိုင်ရထားပြီး အုပ်စုအဆင့်သို့တက်ရောက်နိုင်ရန် အခြေအနေကောင်းလျက်ရှိသည်။ ချန်ပီယံလိဂ်အုပ်စု မဲခွဲပွဲ အခမ်းအနားကို မိုနာကိုတွင် ကျင်းပမည်ဖြစ်ပြီး ထိုအတောအတွင်း လီဗာပူးလ်နှင့်ဘာစီလိုနာတို့ တွေ့ဆုံမည် ဖြစ်သည်။

ဘာစီလိုနာအသင်းက ကော်တင်ဟိုကို နေမာ၏နေရာတွင် အစားထိုးရန် အလိုရှိနေပြီး ပေါင် ၁၁၄ သန်းဖြင့် တတိယအကြိမ် ကမ်းလှမ်းခဲ့သည်ကို လီဗာပူးလ်အသင်းဘက်က ပယ်ချခဲ့သည်။

သို့သော် ကော်တင်ဟိုက သူ၏ကစားသမားဘဝတွင် ရရှိလာသည့် အခွင့်အရေးကောင်းကို လက်မလွှတ်လိုသည့်အတွက် လီဗာပူးလ်အသင်းကို ဘာစီလိုနာအသင်းနှင့်ဆွေးနွေးရန် ဒုတိယအကြိမ် တိုက်တွန်းခဲ့သည်။ ကော်တင်ဟို၏အေးဂျင့်နှင့်ဘာစီလိုနာအသင်းတို့ကလည်း အပြောင်းအရွှေ့ဖြစ်လာရန် အားစိုက် ကြိုးပမ်းလျက်ရှိသည်။ ထို့ကြောင့် ကော်တင်ဟို၏အပြောင်းအရွှေ့မှာ လာမည့်အပတ်အတွင်း ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သတင်းများက ဆိုခဲ့ကြသည်။

ရည်ညွှန်း Diario Sport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required