စတုခ်ကို ရှုံးနိမ့်ခဲ့ရခြင်းအတွက် အသင်း၏ ခံစစ်ပိုင်းနှင့် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို အာစင်ဝင်းဂါး အပြစ်တင်

စတုခ်ကို ရှုံးနိမ့်ခဲ့ရခြင်းအတွက် အသင်း၏ ခံစစ်ပိုင်းနှင့် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များကို အာစင်ဝင်းဂါး အပြစ်တင်

သြဂုတ် ၂၀၊ အင်္ဂလန် ။             ။ စတုခ်စီးတီးအသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရပြီးနောက်တွင် အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်များနှင့် အသင်း၏ နောက်တန်း အားနည်းမှုကို ပြစ်တင် ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် စတုခ်စီးတီးအသင်းသည် ဘောလုံးပိုင်ဆိုင်မှု ၂၇ ရာခိုင်နှုန်းသာ ရရှိခဲ့သော်လည်း တိုက်စစ်မှှူးသစ် ဂျီစီ၏ တစ်လုံးတည်းသောဂိုးဖြင့် အာဆင်နယ်ကို အနိုင်ရရှိသွားခဲ့သည်။

အာဆင်နယ်အသင်းအတွက် လာကာဇက်တီက ဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့သော်လည်း ဒိုင်လူကြီးက လူကျွံဘောအဖြစ် သတ်မှတ်ခဲ့သလို ဘယ်လာရင်အား ဧရိယာစည်းအတွင်း ပြစ်ဒဏ် ကျူးလွန်ခဲ့သည်ကိုလည်း ပင်နယ်တီပေးရန် ငြင်းဆန်ခဲ့သည်။

“ဒီလိုညမျိုးက ခင်ဗျားတို့ စိတ်ဆိုးဒေါသထွက်ရမယ့် ညမျိုးလို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ အခွင့်အရေးတွေရခဲ့ပေမယ့် တစ်ဂိုးတောင် မသွင်းနိုင်ခဲ့လို့ပါ။ ဒီပွဲက သက်သောင့်သက်သာ အနိုင်ရခဲ့သင့်တဲ့ပွဲမျိုးပါ။

ကျွန်တော့်အသင်းက ကွင်းလယ်မှာ အမှားတွေ လုပ်ခဲ့ကြပါတယ်။ ပထမ ဘောလုံးဆုံးတယ်။ နောက်တော့ အဲ့ဒီဘောလုံးကို နောက်တန်းက ကောင်းကောင်းမဖျက်နိုင်ဘဲ ဂိုးပေးခဲ့ရတယ်။ ခံစစ်ကတော့ ဆင်ခြေပေးစရာမရှိပါဘူး။ လွယ်လွယ်ကူကူနဲ့ ဂိုးပေးလိုက်ရတာပါ။

ဒီနေ့ပွဲမှာ ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်တွေကလည်း ကျွန်တော်တို့ကို ကံမကောင်းစေခဲ့ပါဘူး။ လာကာဇက်တီရဲ့ဂိုးက လူမကျွံပါဘူး။ ဒီလိုပွဲမျိုးကို ရှုံးနိမ့်ခဲ့ရလို့ တကယ်စိတ်ပျက်မိပါတယ်” ဟု အာစင်ဝင်းဂါးက ပြောဆိုခဲ့သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required