ပြည်​နယ်​၊တိုင်​း (၄)ခုတွင်​ H1N1ပိုးရှိသူ (၆)ဦးထပ်​​တွေ့

ပြည်​နယ်​၊တိုင်​း (၄)ခုတွင်​ H1N1ပိုးရှိသူ (၆)ဦးထပ်​​တွေ့
H1N1ရောဂါ အား ကာကွယ်ရန် နှာခေါင်းစည်းများ တပ်ဆင်နေကြသော ပြည်သူများကို တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ရန်​ကုန်​၊သြဂုတ်၂၀ ။            ။ ပြည်​နယ်​နှင်​့တိုင်​း (၄)ခုတွင်​ H1N1​ရောဂါပိုး​တွေ့ရှိသူ (၆)ဦးထပ်​မံတိုးလာ​ကြောင်​း ကျန်​းမာ​ရေးနှင့်အားကစားဝန်​ကြီးဌာန၏ ထုတ်​ပြန်​ချက်​စာရင်​းအရ သိရသည်​။

ပဲခူးတိုင်​း​ဒေသကြီး၊ တနင်္သာရီတို်​င်​း​ဒေသကြီး၊ စစ်​ကိုင်​းတိုင်​း​ဒေသကြီးတို့တွင်​ H1N1​ရောဂါ​တွေ့ရှိသူ (၁)ဦးစီ​တွေ့ရှိခဲ့ပြီး ကရင်​ပြည်​နယ်​တွင်​ (၃)ဦး​တွေ့ရှိခဲ့​ကြောင်​း သြဂုတ်​လ(၁၈)ရက်​​နေ့မှ​လ(၁၉)ရက်​​နေ့အထိ တစ်​ရက်​တာအတွင်​း စာရင်​းများရသိရသည်​။

ဇူလိုင်​လ(၂၁)ရက်​​နေ့မှစ၍ သြဂုတ်​(၁၉)ရက်​အထိ တစ်​နိုင်​ငံလုံးရှိ ပြည်​နယ်​နှင်​့ တိုင်​း​ဒေသ(၁၃)ခုတွင်​ H1N1​ရောဂါ​တွေ့ရှိသူ (၂၈၈)ဦးတွင်​ ​သေဆုံးသူ(၂၉)ဦး ရှိ​နေခဲ့သည်​။

H1N1​ရောဂါ​တွေ့ရှိ​သော်​လည်​း ၎င်း​ရောဂါ​ကြောင်​့မဟုတ်​ပဲ ​သေဆုံးသူ(၂၀)ဦးရှိ​နေသည်​ဟုလည်​း ထုတ်​ပြန်​ထားသည်​။

H1N1ဖြစ်​ပွားမှုနှင်​့ပတ်​သတ်​၍ ကမ္ဘာ့ကျန်​းမာ​ရေးအဖွဲ့မှ ​စောင်​့ကြည်​့​နေပြီး ဇန်​နဝါရီလမှ သြဂုတ်​လ(၅)ရက်​ထိ (၇)လတာ စာရင်​းများအရ H1N1ပိုး​တွေ့နိုင်​ငံများတွင်​ အိမ်​နီးချင်​းနိုင်​ငံများလည်​းရှိ​နေသည်​။

Seasonal Influenza A(H1N1)pdm 09 ​ရောဂါပိုးအား တရုတ်​၊ အိန္ဒိယ၊ နီ​ပေါ၊ သီရိလင်္ကာ၊ ​မော်​လဒိုက်​၊ ဘင်္ဂလား​ဒေ့ရှ်​၊ ​မ​လေးရှား၊ ဘူတန်​နိုင်​ငံနှင်​့ အင်​ဒိုနီးရှားတို့၌လည်​း ​တွေ့ရှိရသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required