ပြည်မြို့ခံ ဘောလုံးအသင်းများနှင့် အနုပညာရှင်များ အသင်း တို့ ချစ်ကြည်ရေးဘောလုံးပွဲ

ပြည်မြို့ခံ ဘောလုံးအသင်းများနှင့် အနုပညာရှင်များ အသင်း တို့ ချစ်ကြည်ရေးဘောလုံးပွဲ
ဓာတ်ပုံ- ရေခဲ(ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ခေတ္တရာမြို့သစ် မင်္ဂလာရွှေပြည် ဘောလုံးကွင်းတွင် သြဂုတ် ၁၉ ရက်၌ အနုပညာရှင်များ ဖြင်​့ ဖွဲ့စည်​းထားသည်​့ မင်္ဂလာပါ FC အသင်း နှင့် ပြည်မြို့ခံ ဘောလုံး အသင်းများ ချစ်ကြည်ရေး ပရဟိတ ဘောလုံး ပြိုင်ပွဲ ယှဉ်ပြိုင်ကစားကြ​ရာ  ၂ ဂိုးစီ သ​ရေ ရလဒ်ဖြင့် ပွဲပြီးဆုံးခဲ့သည်။

အနုပညာရှင်​များ ဖြင်​့ ဖွဲ့စည်​းထား​သော မင်္ဂလာပါ အသင်​းက ပြည်မြို့ခံအသင်းများဖြစ်သော ပျူ FC အသင်​း နှင်​့ Pyay danger FC အသင်​းတို့န​ှင်​့ ယှဉ်​ပြိုင်​ကစားခဲ့ခြင်း ဖြစ်သည်။

အနုပညာရှင်များက လာရောက်အားပေးသူ မိဘပြည်သူများထံမှ အလှူငွေများ ကောက်ခံခဲ့ရာ စုစုပေါင်း အလှူငွေ  လေးသိန်းငါးသောင်းငါးထောင် နှစ်ရာ့ငါးဆယ် (၄၅၅၂၅၀) ကျပ် ရရှိခဲ့သည်။ ၄င်းအလှူငွေများကို ပြည်မြို့နယ်​်တည်ငြိမ ်အေးချမ်းရေး အထောက်အကူူပြုအဖွဲ့ ရံပုံငွေအဖြစ် အသုံးပြုသွားမည်ဖြစ်သည်။   

ထပ်မံ၍ သြဂုတ် ၂၀ ရက်နေ့တွင် ဘောလုံးပွဲဒုတိယ နေ့အဖြစ် ပြည်မြို့ခံ မင်္ဂလာရွှေပြည်  ဘောလုံးအသင်း နှင့် အနုပညာရှင်များ ဖြင့်ဖွဲ့စည်းထားသော မင်္ဂလာပါ FC အသင်းတို့ယှဉ်ပြိုင်ကစားဦးမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required