၀က်အူချို အသည်းနှင့် ကျောက်ကပ်သုပ်

၀က်အူချို အသည်းနှင့် ကျောက်ကပ်သုပ်

မင်္ဂလာပါ…………….။

ဒီတစ်ပတ်အတွက်ကတော့ ၀က်အူချို အသည်းနဲ့ကျောက်ကပ်တို့ကို ကြော်ပြီး ချဉ်ချဉ်ငံငံစပ်စပ်လေး ပြန်သုပ်ဖြစ်ပါတယ်။ ကြွပ်ရွတဲ့အူချို အသည်းနဲ့ကျောက်ကပ်လေးတွေကို ချဉ်ငံစပ် သုပ်ပြီး စားရတာလည်း  ထမင်းမြိန်စေပါတယ်။အရင်ဆုံးလိုအပ်တာတွေ စတင်ပြင်ဆင်ပါတယ်။လိုအပ်တာတွေကတော့

၀က်အူချို အသည်း ကျောက်ကပ် ၄၀သား (သန့်စင်ပြီးဆား ဆနွင်းနယ် အနေတော်လှီးဖြတ်ထားပါ)

သခွားသီး အနည်းငယ် (အမျှင်လေးတွေ ဖြစ်အောင် ခြစ်ထားပါ)

ကြက်သွန်နီ အနည်းငယ် (ပါးပါးလှီးထားပါ)

သံပုရာသီး အနည်းငယ်

ငရုတ်သီးစိမ်း အနည်းငယ် (ကြိတ်ထားပါ)

ကြက်သွန်ဖြူ အနည်းငယ် (ကြိတ်ထားပါ)

နံနံပင် အနည်းငယ်

COOK နေကြာဆီ ၁၀သားခန့်

ငရုတ်ဆော့စ် အနည်းငယ်

ငံပြာရည် အနည်းငယ်လိုအပ်ပါတယ်။

ပြီးရင်တော့ ဆီပူပူထဲကို အနေတော် လှီးဖြတ်ထားတဲ့ ၀က်ကလီစာတွေကို ထည့်ကြော်ပါ။ ရေမထည့်ဘဲ ဆီနဲ့သာ ကျက်အောင်ကြော်ပါမယ်။

ကြွပ်လာပြီဆိုရင်တော့ ဆီစစ်ပြီး  အအေးခံထားပါ။

၀က်ကလီစာတွေအေးသွားပြီဆိုရင် အပေါ်မှာ ပြင်ဆင်ထားတဲ့ အစာပလာလေးတွေထည့်ပါ။ ဆားအနည်းငယ် ထည့်ပါ ။ သံပုရာရည်ထည့်ပါ။

အစာပလာလေးတွေစုံလင်ပြီဆိုရင်တော့ တစ်ခါသုံးလက်အိတ်လေးသုံးပြီး အသုပ် ကိုနယ်ပါ။အရသာ ချဉ်ငံစပ် အဆင်ပြေပြီဆိုရင်တော့ နံနံပင်လေးညှပ်ထည့်ပြီး နှစ်သက်သလို   ပြင်ဆင်စားသောက်နိုင်ပါတယ်။

ပေစိလက်ရာ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။

ဒီအစီအစဉ်ကို COOKမှ အဓိက ကူညီပံ့ပိုးပေးပါတယ် ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly