ဗီယက်နမ်မှာ စစ်ကျန်ဗုံး ပေါက်ကွဲလို့ ကလေးသုံးဦးအပါအဝင် ခြောက်ဦး သေဆုံး

ဗီယက်နမ်မှာ စစ်ကျန်ဗုံး ပေါက်ကွဲလို့ ကလေးသုံးဦးအပါအဝင် ခြောက်ဦး သေဆုံး

သြဂုတ် ၁၉ ။             ။ ဗီယက်နမ်နိုင်ငံက ကျေးရွာတစ်ခုမှာ ပြီးခဲဲ့တဲ့ သြဂုတ် ၁၈ ရက်က အမေရိကန် စစ်ပွဲကာလ လက်ကျန်ဗုံးတစ်လုံး ပေါက်ကွဲခဲ့လို့ ကလေးငယ်သုံးဦးအပါအဝင်   ခြောက်ဦး   သေဆုံးသွားခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြထားပါတယ်။

ယခု ဗုံးပေါက်ကွဲမှုဟာ ဗီယက်နမ် တောင်အလယ်ပိုင်းကမ်းရိုးတန်းက တောင်ကုန်းဒေသတစ်ခုမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဗီယက်နမ်တောင်ကုန်းဒေသ ခန်ဟောင် ပြည်နယ် က တာလျောင်အမည်ရ ကျေးရွာတစ်ခုမှာဖြစ်ခဲ့တဲ့ ယခုဖြစ်စဉ်မှာတော့ အဆိုပါ စစ်ကျန်ဗုံးကို တွေ့ရှိခဲ့တဲ့ ရွာသားတွေက ဗုံးကို လှီးဖြတ်ဖွင့်ဖို့ ကြိုးစားရင်း ပေါက်ကွဲသေဆုံးသွားခြင်းဖြစ်တယ်လို့ အာဏာပိုင်တွေက ယုံကြည်ထားကြောင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

" ခြောက်ဦးသေဆုံးတဲ့ ဒီပေါက်ကွဲမှုဖြစ်စဉ် ကနဦးကောက်ချက်ချထားတာကတော့ သူတို့က ၁၀၅ မီလီမီတာရှိ ဒီအမြှောက်ဆံကို လှီးဖွင့်ကြည့်ဖို့ လုပ်ရင်းကနေ ဖြစ်သွားတာလို့ ယူဆထားပါတယ်" ဆိုပြီး ဗီယက်နမ်နိုင်ငံပိုင် သတင်းဌာန VGPNews က ထုတ်ပြန်ပါတယ်။

ယခု ဗုံးပေါက်ကွဲမှုကြောင့် အခြားရွာသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး နေအိမ်တစ်လုံးလည်း မီးလောင်သွားခဲ့တယ်လို့လည်း သိရပါတယ်။

၁၉၇၅ ခုနှစ် ဗီယက်နမ်စစ်ပွဲပြီးချိန်ကတည်းက အမေရိကန်လေယာဉ်တွေ ချထားခဲ့တဲ့ မပေါက်ကွဲသေးတဲ့ ဗုံး၊အမြှောက်ဆံတွေကြောင့် လူပေါင်း ၄၂,၀၀၀ သေဆုံးပြီး ၆၂,၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားခဲ့တယ်လို့လည်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly