ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် မဟာဗျူဟာအကြံပေးအရာရှိချုပ် စတိဗ် ဘန်နွန်ကို ရာထူးကနေ ဖယ်ရှား

ဒေါ်နယ်ထရမ့်က အိမ်ဖြူတော် မဟာဗျူဟာအကြံပေးအရာရှိချုပ် စတိဗ် ဘန်နွန်ကို ရာထူးကနေ ဖယ်ရှား

သြဂုတ် ၁၉ ။                ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းရဲ့ အိမ်ဖြူတော် မဟာဗျူဟာဆိုင်ရာ အကြံပေးပုဂ္ဂိုလ် စတိဗ် ဘန်နွန်ကို ပြီးခဲ့တဲ့ သြဂုတ် ၁၈ ရက်မှာပဲ ရာထူးကနေ ဖယ်ရှားလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ထားခဲ့တဲ့ လူဖြူလူမျိုးကြီး ပဋိပက္ခဖြစ်စဉ်မှာ ထရမ့်ရဲ့ တုန့်ပြန်ပုံနဲ့ပတ်သက်လို့ ပြင်းထန်တဲ့ ဝေဖန်သံတွေ ညံလာခဲ့ရာကနေတဆင့် အခြေအနေတွေကို တည်ငြိမ်အောင်ထိန်းသိမ်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ ယခုအခါမှာ ထရမ့်နဲ့ အိမ်ဖြူတော်ဗျူဟာမှူးချုပ်တို့ လမ်းခွဲလိုက်ကြတာဖြစ်ပါတယ်။

ထရမ့်ရဲ့ အိမ်ဖြူတော်အစိုးရအနေနဲ့ကတော့ ပြီးခဲ့တဲ့ကာလတွေတုန်းက မကြာခဏဆို ရာထူးဖယ်ရှားခံရမှု၊ နှုတ်ထွက်သွားမှု ဖြစ်စဉ်တွေနဲ့ ကြံုတွေ့နေခဲ့ရပြီးနောက် ယခုနောက်ဆုံး အိမ်ဖြူတော်ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဘန်နွန်ရဲ့ ရာထူးဖယ်ရှားခံရမှုဖြစ်စဉ် ထပ်မံ ဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ယခုလို အိမ်ဖြူတော်ကနေ ထွက်ခွာလာခဲ့ရပေမယ့်လည်း အိမ်ဖြူတော်အပြင်ဘက်ကနေ ထရမ့်ရဲ့ လက်ယာယိမ်း လုပ်ငန်းစဉ်တွေအတွက် ဆက်လက်တိုက်ပွဲဝင်သွားပေးမယ်လို့ အသက် ၆၃ နှစ်ရှိ ဘန်နွန်က ပြောကြားသွားပါတယ်။

လယ်ယာစွန်းဝါဒီတစ်ဦးဖြစ်သလို Breitbart News သတင်းဆိုဒ်ရဲ့ အကြီးအကဲတစ်ဦးဟောင်းဖြစ်ခဲ့တဲ့ ဘန်နွန်ဟာ ရွေးကောက်ပွဲမဲဆွယ်ကာလတုန်းက ထရမ့်ရဲ့ အမေရိကန်ဦးစားပေး ကမ်ပိန်းကို ကူညီပုံဖော်ပေးလာခဲ့သူ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required