ပြင်သစ်လိဂ်ပွဲ ၁၅ ပွဲဆက်နိုင်သည့် ပထမဆုံးအသင်း မိုနာကိုဖြစ်လာ

ပြင်သစ်လိဂ်ပွဲ ၁၅ ပွဲဆက်နိုင်သည့် ပထမဆုံးအသင်း မိုနာကိုဖြစ်လာ

သြဂုတ် ၁၉၊ မိုနာကို။                    ။ လက်ရှိချန်ပီယံမိုနာကိုအသင်းသည် မက်ဇ်အသင်းကိုအနိုင်ရပြီးနောက် ပြင်သစ်လိဂ်-၁ ပွဲ ၁၅ ပွဲဆက်အနိုင်ရသည့် ပထမဆုံး အသင်းဖြစ်လာခဲ့သည်။

ပြိုင်ဘက်ပီအက်စ်ဂျီအသင်းနှင့် သတင်းထွက်နေသော အသက် ၁၈ နှစ်အရွယ် အမ်ဘက်ပီသည် ယင်းပွဲတွင်လည်းလူစာရင်းမှ ဆက်လက်ချန်လှပ်ခံထားရဆဲဖြစ်သည်။

မိုနာကိုအသင်းသည် မက်ဇ်အသင်းကို အဝေးကွင်းတွင် ကျဉ်းမြောင်းသည့်အနိုင်ရလဒ်ဖြစ်သော ၁-၀ ဂိုးဖြင့်အနိုင်ရခဲ့ပြီး ပွဲချိန် ရ၈ မိနစ်တွင် တိုက်စစ်မှူးဖယ်လ်ကာအိုက သွင်းယူခဲ့သည်။

ပြီးခဲ့သည့်ရာသီကို ၁၂ ပွဲဆက်အနိုင်ရလဒ်ဖြင့် ပိတ်သိမ်းခဲ့သည့် မိုနာကိုအသင်းသည် လက်ရှိရာသီတွင် တူးလော့စ်၊ ဒီဂျွန်နှင့် မက်ဇ်တို့ကို ဆက်တိုက်အနိုင်ရခဲ့သည်။

ဖယ်လ်ကာအို၏အနိုင်ဂိုးကြောင့် ၂၀၀၉ ခုနှစ်က ဘော်ဒိုအသင်းရရှိထားသည့် ၁၄ ပွဲဆက်တိုက်အနိုင်ရလဒ်ကို ကျော်ဖြတ်နိုင်ခဲ့ သည်။

ရီးယဲလ်မက်ဒရစ်၊ မန်စီးတီးအသင်းတို့နှင့်လည်းသတင်းထွက်နေသည့် အမ်ဘက်ပီကိုချန်လှပ်ထားခြင်းမှာ ကစားသမားကို ကာကွယ်နေခြင်းဖြစ်သည်ဟု မိုနာကိုနည်းပြ လီယိုနာဒိုဂျာဒင်က ပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required