မြန်မာအမျိုးသမီးအသင်းကားမောင်းသူကို နာရီခိုးမှုနှင့်လိုင်စင်မရှိခြင်းတို့ကြောင့် ဖမ်းဆီးခြင်းဟု မလေးရှားရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

မြန်မာအမျိုးသမီးအသင်းကားမောင်းသူကို နာရီခိုးမှုနှင့်လိုင်စင်မရှိခြင်းတို့ကြောင့် ဖမ်းဆီးခြင်းဟု မလေးရှားရဲတပ်ဖွဲ့ သတင်းထုတ်ပြန်

သြဂုတ် ၁၉၊ ရန်ကုန်။                      ။ သြဂုတ်လ ၁၇ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့သော မြန်မာအမျိုးသမီးအသင်းနှင့်မလေးရှားအမျိုးသမီးအသင်းတို့ပွဲ စဉ်အပြီးတွင်   မြန်မာအသင်း ဖယ်ရီကားမောင်းသူကို မလေးရှားရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ခြင်းမှာ နာရီခိုးမှုနှင့် ယာဉ်မောင်းလိုင်စင်မရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု Channel News Asia ၏ သတင်းဖော်ပြချက်အရ သိရသည်။

မြန်မာအမျိုးသမီးဘောလုံးအသင်းမှာယင်းနေ့ပွဲစဉ်တွင် မလေးရှားအသင်းကို ၅ - ၀ ဂိုးဖြင့်အနိုင်ရပြီးနောက် ဟိုတယ်သို့ပြန်ရန် ဖယ်ရီကားမောင်းသူ မရှိသဖြင့် ည ၁၂နာရီဝန်းကျင်မှသာ ဟိုတယ်ပြန်ရောက်ခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူအချို့နှင့်ပရိသတ်များက Facebook တွင် ပို့စ်တင်ပြီး ဖော်ပြခဲ့ရာ ပြန်လည်မျှဝေသူ ၁၄၀၀၀ အထိရှိခဲ့ပြီး ဝေဖန်မှုအများအပြား ရှိခဲ့သည်။

မြန်မာအမျိုးသမီးဘောလုံးအသင်း ဖယ်ရီကားမောင်းသူ အသက် ၂၇နှစ်အရွယ် မလေးရှားလူမျိုးတစ်ဦးမှာ ဟိုတယ်မှအသင်းကား မထွက်ခွာမီ မလေးရှားအားကစားသမားတစ်ယောက်ထံမှ နာရီကို ခိုးယူခဲ့ခြင်းဖြစ်သည်။ နာရီအမျိုးအစားမှာ Swatch’s Rio Olympic 2016 collection ဖြစ်ပြီး ယင်းအမျိုးသားတွင် ယာဉ်မောင်းလိုင်စင်လည်း မရှိကြောင့် မလေးရှားတော်ဝင်ရဲတပ်ဖွဲ့က သောကြာ ညက သတင်းထုတ်ပြန်ခဲ့သည်။ ယခုဖြစ်ရပ် ဖြစ်ပွားပြီးနောက် မလေးရှားအိုလံပစ်ကော်မတီက မြန်မာအားကစားအဖွဲ့များကို တောင်းပန်ခဲ့သလို ဆီးဂိမ်းစ် သယ်ယူပို့ဆောင်ရေးဌာနကိုလည်း ဒရိုင်ဘာများကို သေသေချာချာစိစစ်ရန် သတိပေးထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly