ရှမ်​း​မြောက်​နှင်​့ မန္တ​လေး​တွင် H1N1ဖြင့် သေဆုံးသူ(၁)ဦးစီတိုး

ရှမ်​း​မြောက်​နှင်​့ မန္တ​လေး​တွင် H1N1ဖြင့် သေဆုံးသူ(၁)ဦးစီတိုး
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်​ကုန်​၊သြဂုတ်​၁၉ ။             ။ ရှမ်​းပြည်​နယ်​​မြောက်​ပိုင်​းနှင်​့ မန္တ​လေးတိုင်​း​ဒေသကြီးတွင်​ H1N1​ရောဂါပိုးဖြင်​့ ​​သေဆုံးသူ(၁)ဦးစီတိုးလာခဲ့​ကြောင်​း ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန၏ ထုတ်​ပြန်​ချက်​စာရင်​းများအရသိရသည်​။

သြဂုတ်​လ ၁၇ ရက်​​နေ့၌ ရှမ်​းပြည်​နယ်​​မြောက်​ပိုင်​း​ဒေသတွင်​ H1N1​ရောဂါပိုး​တွေ့ရှိသူ(၃)ဦးရှိခဲ့ရာမှ ​သြဂုတ်​(၁၈)ရက်​နေ့၌ လူနာ(၁)ဦး​သေဆုံးသွားခဲ့သည်​။

ထို့အတူ မန္တ​လေးတိုင်​း​ဒေသကြီးတွင်​ H1N1​ရောဂါပိုး​တွေ့ရှိသူ (၁၅)ဦးနှင်​့ ​သေဆုံးသူ(၁)ဦးရှိခဲ့ရာမှ ​ရောဂါ​တွေ့ရှိသူ(၁၆)ဦးနှင်​့ ​သေဆုံးသူ(၂)ဦးဖြစ်​လာခဲ့သည်​။

​ရောဂါပိုး​တွေ့ရှိသူအ​နေဖြင်​့ တစ်​ရက်​အတွင်​း(၅)ဦးတိုးလာခဲ့ပြီး ​သေဆုံးသူ(၂)ဦး တိုးလာခြင်​းဖြစ်​သည်​။

တစ်​နိုင်​ငံလုံးရှိ ပြည်​နယ်​နှင်​့တိုင်​း​ဒေသ(၁၃)ခုတွင်​ ဇူလိူင်​(၂၁)ရက်​​နေ့မှ သြဂုတ်​လ(၁၈)ရက်​​နေ့အထိ H1N1​ရောဂါ​တွေ့ရှိသူ (၂၈၂)ဦးတွင်​ ​သေဆုံးသူ(၂၉)ဦး ရှိ​နေခဲ့သည်​။

ရာသီတုပ်​​ကွေး​ရောဂါ Seasonal Influenza A(H1N1)pdm09 ​ရောဂါဖြစ်​ပွားမှုသည်​ အိမ်​နီးချင်​းနိုင်​ငံများဖြစ်​သည်​့ တရုတ်​၊ အိန္ဒိယ၊ နီ​ပေါ၊ သီရိလင်္ကာ၊ ​မော်​လ်ဒိုက်​၊ ဘင်္ဂလား​ဒေ့ရှ်​၊ ​မ​လေးရှား၊ ဘူတန်​နိုင်​ငံနှင်​့ အင်​ဒိုနီးရှားတို့၌လည်​း ​တွေ့ရှိရသည်​။

H1N1ဖြစ်​ပွားသည်​့ အိမ်​နီးချင်​းနိုင်​ငံများထဲတွင်​ တရုတ်​ပြည်​သူ့သမ္မတနိုင်​ငံသည်​ (၁၂၀၆၀)ဦးဖြင်​့ အများဆုံးဖြစ်​​နေပြီး အိန္ဒိယနိုင်​ငံသည်​(၁၃၁၈)ဦး၊ နီ​ပေါနိုင်​ငံသည်​ (၄၈၀)ဦးရှိ​ကြောင်​း ​ယခုနှစ်​ ဇန်​နဝါရီ(၁)ရက်​မှ သြဂုတ်​လ(၅)ရက်​အထိ ကမ႓ာ့ကျန်​းမာ​ရေးအဖွဲ့၏ Flu Net Websiteမှ ထုတ်​ပြန်​ထားချက်အရ သိရသည်​။

ထိုစာရင်​းထဲတွင်​ မြန်​မာနိုင်​ငံသည်​ H1N1ဖြစ်​ပွားသူ (၁၃၆)ဦးရှိ​နေခဲ့ပြီး ​ကျန်​းမာ​ရေးနှင်​့အားကစားဝန်​ကြီးဌာန၏ နောက်​ဆုံးထုတ်​ပြန်​ချက်​တွင် (၂၈၂)ဦး ရှိ​နေသည်​။

လက်ရှိတွင်လည်း အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး Operation manager နှင့် တာဝန်ကျဂိတ်ဝန်ထမ်းအဖွဲ့ကို တစ်ဦးလျှင် လစာ ၃ ရက်စာဖြတ်တောက်ခြင်းနှင့် ဝန်ခံကတိပြု ရေးထိုးခိုင်းခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly