နယူးယောက်တွင် ကျင်းပခဲ့သည့် Beyond Sport Global Award 2017 ဆုပေးပွဲ၌ မြန်မာနိုင်ငံမှ ဆု ရရှိ

နယူးယောက်တွင် ကျင်းပခဲ့သည့် Beyond Sport Global Award 2017 ဆုပေးပွဲ၌ မြန်မာနိုင်ငံမှ ဆု ရရှိ

သြဂုတ်လ ၁၈ ။           ။ ဇူလိုင်လ ၂၆ ရက်နေ့က နယူးယောက်မြို့တွင် ကျင်းပခဲ့သည့် Beyond Sport Global Award 2017 ဆုပေးပွဲ၌ မြန်မာနိုင်ငံမှ Girls Determined အဖွဲ့က Sport for Equality ဆုကိုု ရရှိခဲ့ပါသည်။

အမျိုးသမီးငယ်များ အခွင့်အရေးလှုပ်ရှားမှု အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Girls Determined အဖွဲ့သည် ၂၀၁၄ ခုနှစ်ကစပြီး နိုင်ငံတစ်ဝှမ်း လူ့အဖွဲ့အစည်းများအကြား တန်းတူညီမျှမရှိမှုများကို လျှော့ချရန် ရည်ရွယ်ပြီး ရောင်စုံမိန်းကလေးများ ဘော်လီဘောစက်ဝိုင်း ( Colourful Girls Volleyball Circles ) အစီအစဉ်ကို စတင်ခဲ့ပါသည်။

ရောင်စုံမိန်းကလေးများ ဘော်လီဘောစက်ဝိုင်း အစီအစဉ်တွင် အားကစားမှတဆင့် ဆယ်ကျော်သက် အမျိုးသမီးငယ်များ၏ ဘဝကို မြှင့်တင်ပေးခဲ့ပြီး လက်ရှိ မြန်မာနိုင်ငံမှ ဆယ်ကျော်သက် အမျိုးသမီးငယ် ဦးရေ ၁၅၀၀ ကျော်က ထိုဘော်လီဘော အားကစား အစီအစဉ်တွင် ပါဝင်လာသောကြောင် ့ Sport for Equality ဆုကိုု ရရှိခဲ့ကြောင်း ထိုအစီအစဉ်၏ အားကစားစီမံကိန်း ညှိနှိုင်းရေးမှူး မဂျိုးစဖင်းက ပြောပါသည်။

၂၀၁၇ ခုနှစ် Beyond Sport Global Award ဆုပေးပွဲသည် ၉ကြိမ်မြောက် ကျင်းပခြင်း ဖြစ်ပြီး နိုင်ငံပေါင်း ရ၀ နိုင်ငံမှ အဖွဲ့ပေါင်း ၂၅၀ ဝင်ရောက်ယှဉ်ပြိုင်ရာတွင် မြန်မာနိုင်ငံမှ Girls Determined အဖွဲ့ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်း ၁၃ ဖွဲ့က ဆုရရှိခဲ့ပါသည်။

ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ တနင်္သာရီတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် ဘော်လီဘော အားကစား အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ထိုအစီအစဉ်ထဲတွင် ဝေးလံခေါင်ဖျားတဲ့ဒေသမှ လာပြီး ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ပညာသင်ကြားနေသော အမျိုးသမီးငယ်များ၊ ပညာရေး တစ်ပိုင်းတစ်စနှင့် ကျောင်းထွက်လိုက်ရသည့် ကျေးလက်မှ အမျိုးသမီးငယ်များ စသည့် အသက် ၁၂နှစ်မှ ၁၈ နှစ် အတွင်းရှိ အမျိုးသမီးငယ်များ ပါဝင်သည်ဟု အားကစားစီမံကိန်း ညှိနှိုင်းရေးမှူး မဂျိုးစဖင်းက ပြောပါသည်။

Girls Determined အဖွဲ့သည် ၂၀၁၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး မိန်းကလေးငယ်များ တစ်ဦးချင်းလုပ်ဆောင်နိုင်စွမ်း၊ အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတို့ကို ကိုယ်တိုင်အသိအမှတ်ပြုလာစေရန် ကူညီပံ့ပိုးပေးနေသော အဖွဲ့အစည်း ဖြစ်ကြောင်း သိရပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required