Ooredoo Enjoy the Internet

Shop.com.mm

လိပ်ကျွန်းသေဒဏ်ကျ မြန်မာနှစ်ဦးအမှု နောက်ဆုံးအယူခံ သြဂုတ်လ ၂၁ ရက်နေ့ တင်ရန် အဆင်သင့်ဖြစ်နေပြီ

.

သြဂုတ်လ ၁၈ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ)။              ။ ထိုင်းတောင်ပိုင်း လိပ်ကျွန်း လူသတ်မှုဖြင့် သေဒဏ်ကျခံရသော မြန်မာနိုင်ငံသားနှစ်ဦး၏ အမှု နောက်ဆုံး အယူခံကို လာမည့် သြဂုတ်လ ၂၁ ရက်နေ့ ထိုင်းအယူခံရုံးသို့ တင်ရန် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။

“ဒီနေ့ ပြင်ဆင်ချက်တစ်ခုရှိလို အဲဒါလေည်း ပြင်ဆင်နေတယ်။ တနလာင်္နေ့က သေချာပေါက် တင်မယ်ဆိုတာ ထိုင်းရှေ့နေများ ကောင်စီက ပြောတယ်။ တင်မဲ့အမှုတွဲက အဆင်သင့်ဖြစ်နေပြီ။   ကောင်းသထက် ကောင်းအောင် လုပ်တာပဲရှိတယ်”ဟု မြန်မာသံရုံး ကိုယ်စားလှယ်အဖွဲ့မှ ရှေ့နေ ဦးအောင်မျိုသန့်က ပြောသည်။

သြဂုတ်လ ၁၅ ရက်နေ့က ဘန်ကောက်မြို့မှ မြန်မာသံရုံး သံအမတ် ဦးမျိုးမြင့်သန်း အပါအဝင် ၅ ဦးတို့ ထိုင်းရှေ့နေများ ကောင်စီနှင့် သွားရောက် တွေ့ဆုံ၍ အယူခံ တင်မည့် အခြေအနေများကို   ဆွေးနွေးခဲ့ပြီး ဖြစ်၍ လာမည့် သြဂုတ်လ ၂၁ ရက်နေ့မတိုင်မီ ကိုဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ နောက်ဆုံး အယူခံ တင်ရတော့မည် ဖြစ်သည်။

မျိုးရိုးဗီဇ DNA စစ်ဆေးမှုသည် အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် မညီလျော်ဘဲ တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းသည်ဆိုသော အချက်များ အပါအဝင် သေဆုံးသူများ၏ အလောင်းအား ခွဲစိတ် စစ်ဆေးမှုနှင့် ပတ်သက်၍ ထောက်ပြသွားမည် ဖြစ်ကြောင်း ရှေ့နေအောင်မျိုးသန့်က သြဂုတ်လ ၁၅ ရက်က မဇ္စျိမကို ပြောဆိုထားသည်။

“ဒီအန်အေဆိုတဲ့အချက်ရယ်၊ သေတဲ့လူ သုံးတဲ့ တယ်လီဖုန်းက အချက်တွေကို အဓိကထားပြီးတော့ ပြောသွားတဲ့သဘော ရှိတယ်။ သေတဲ့လူတွေကို ခွဲစိတ်စစ်ဆေးတဲ့ အချက်တွေဟာ တရားဝင် ဓာတ်ပုံ ၁၆၂ ပုံ ရှိပြီးတော့ စစ်ဆေးခဲ့တာပါ။ အဲဒီလို စစ်ဆေးခဲ့အချက်တွေ အပြည့်အစုံ ရှိပေမဲ့လည်း ထိုင်းနိုင်ငံက ဒီအချက် တွေကို အမှုနဲ့ ပတ်သက်လို့ ကူညီပေးပို့မယ်ဆိုရင် သေဒဏ် မချမှတ်ရဘူးလို့   ပြောပါတယ်။ ဒါပေမယ့် ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့အတွက်ကြောင့်မလို့ မပို့ဘူး။ ဒါကြောင့် ဒီမှာရှိတဲ့ အချက်အလက် အပေါ် မူတည်ပြီးတော့ ဒီဟာကို သံသယရှိစွာနဲ့ သေဒဏ်ချလိုက်တဲ့ အမှုကို ဒီလို အမိန့်ချလိုက်တာဟာ မှားယွင်းတယ်ဆိုတာ မျိုးနဲ့ ထောက်ပြပြောဆိုမယ်လို့ ပြောပါတယ်”ဟု သူက ပြောသည်။

ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ ရှေ့နေက အယူခံ တင်သွင်းမှုကို ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့က ထိုင်းတရားရုံးက ပယ်ချခဲ့ပြီးနောက် ၅ လကြာ အချိန်ယူ၍ နောက်ဆုံးအယူခံ တင်သွင်းရန်   ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။ထိုင်းရှေ့နေများ ကောင်စီပြောပြချက်များအရ ယခုနောက်ဆုံး အယူခံနှင့် ပတ်သက်၍ ကောင်းသည့် အဖြေထွက်လာနိုင်သည့် ယုံကြည် မျော်လင့်ကြောင်း သူက ပြောသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလက ဗြိတိန်နိုင်ငံသား ဟန်နာ ဝစ်သာရစ်နှင့် ဒေးဗစ်မေလာတို့ လိပ်ကျွန်းတွင် အသတ်ခံရပြီးနောက် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ကို ဖမ်းဆီး တရားစွဲကာ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က သေဒဏ် အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။