တိရိစ္ဆာန်ပုံစံ ၀တ်ဆင်ထားသူများ စုဝေးတွေ့ဆုံသည့်ပွဲ ဂျာမနီမှာ ကျင်းပ

တိရိစ္ဆာန်ပုံစံ ၀တ်ဆင်ထားသူများ စုဝေးတွေ့ဆုံသည့်ပွဲ ဂျာမနီမှာ ကျင်းပ

သြဂုတ် ၁၈ ။              ။ တိရိစ္ဆာန် အကောင်တွေအတိုင်း ၀တ်စားဆင်ယင်ထားကြသူတွေ စုဝေးတွေ့ဆုံကြတဲ့ ထူးခြားတဲ့ ပွဲတစ်ခုကို ဂျာမနီနိုင်ငံမှာ ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။

ဥရောပဒေသရဲ့ အကြီးဆုံးသော စုဝေးပွဲကြီးလည်း တစ်ခုဖြစ်တဲ့ ယင်းထူးခြားတဲ့ ပွဲမှာတော့ လူပေါင်း ၂,၇၀၀ လောက် စုဝေးဆင်နွှဲနေလျက်ရှိပါတယ်။

တက်ရောက်လာကြသူတွေဟာဆိုရင် အမျိုးမျိုးသော တိရိစ္ဆာန်အကောင် ပုံစံတွေအတိုင်း ၀တ်ဆင်ပြီး တက်ရောက်ကြတာဖြစ်ပါတယ်။

ယင်း ပွဲကိုတော့ ဘာလင်မြို့မှာ သြဂုတ် ၁၆ ရက်ကနေ စပြီး ကျင်းပနေတာဖြစ်ပြီး လာမယ့် သြဂုတ် ၂၀ အထိ ကျင်းပသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required