ရေအောက်မှာ ငှက်ပျံဝဲသလို သွားလာနိုင်မယ့် ၀တ်စုံတစ်မျိုးကို ပြင်သစ်နိုင်ငံသားတစ်ဦး တီထွင်

ရေအောက်မှာ ငှက်ပျံဝဲသလို သွားလာနိုင်မယ့် ၀တ်စုံတစ်မျိုးကို ပြင်သစ်နိုင်ငံသားတစ်ဦး တီထွင်

သြဂုတ် ၁၈ ။        ။ ပင်လယ်ရေအောက်မှာ ငှက်တစ်ကောင် ပျံဝဲသွားသလိုမျိုး လွယ်လွယ်ကူကူ ရွေ့လျားသွားလာနိုင်မယ့် အတောင်ပံပုံစံ ၀တ်စုံတစ်မျိုးကို ပြင်သစ်ရေငုပ်သမားတစ်ဦးက တီထွင်ခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ် ရေငုပ်သမား ပီရာရီ ဖရိုလာ တီထွင်လိုက်တဲ့ အဆိုပါ ၀တ်စုံကို ၀တ်ဆင်သွားလာမယ့်သူတွေအနေနဲ့ ခြေထောက်နဲ့လက်တွေကို နည်းနည်းပါးပါး လှုပ်ရှားပေးရုံနဲ့ ရေအောက်မှာ ညက်ညက်ညောညောနဲ့ ငှက်သဖွယ် ရွေ့လျားသွားလာနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ယခုလို အသစ်တီထွင်လိုက်တဲ့ နည်းပညာသစ်ကြောင့် တစ်ခြားသော ရေငုပ်သမားတွေကိုလည်း ပင်လယ်ရေအောက်ကမ္ဘာနဲ့ ပိုမိုနီးနီးကပ်ကပ် ထိတွေ့စေနိုင်ပြီး ကမ္ဘာ့သမုဒ္ဒရာကြီးတွေမှာ အကြမ်းမခံနုနယ်မှုတွေ ရှိနေတာနဲ့ပတ်သက်လို့ ပိုမိုသိရှိသွားကြမှာ ဖြစ်တယ်ဆိုပြီး ပြင်သစ်ရေငုပ်သမား ဖရိုလာ ယုံကြည်နေလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required