WY စိတ်ကြွဆေးပြား ၆၀၀၀ ပြား ဖမ်းဆီးရမိ

WY စိတ်ကြွဆေးပြား ၆၀၀၀ ပြား ဖမ်းဆီးရမိ
Photo - Win Myint Aung

မဘိမ်း သြဂုတ်လ ၁၈ ။              ။ မဘိမ်းမြို့နယ် ရမ်းဘိုကျေးရွာ နမ့်ဟန်လေး နေရာရှိ နေအိမ်စျေးဆိုင်တဲတွင် WY စိတ်ကြွ ဆေးပြားများအား ယမန်နေ့နံနက်(၈)နာရီအချိန် ဖမ်းဆီးရမိကြောင်း မဘိမ်းမြို့ မြို့မ ရဲစခန်းမှ သိရှိရသည်။

မူးယစ်ဆေးဝါးသတင်းအရ ရမ်းဘိုကျေးရွာ နမ့်ဟန်လေးနေရာရှိ ကိုကိုလွှင်(ခ)အောင်ကိုလွှင် အသက် ၃၀ နှစ် (ဘ)ဦးသိန်းလွှင် ဘော်ဒေကျေးရွာ မိုးမိတ်မြို့နယ်နေသူ ၏ နေအိမ်စျေးဆိုင်တဲအား ဝင်ရောက်ရှာဖွေရာ ၄င်းခြံဝင်းအတွင်းစျေးဆိုင်တဲအနောက်ဘက်ရှိ ကြို့ပင်အောက်မြေကြီးအတွင်း၌ မြုှပ်ထားသည့် နီညိုရောင်ပလပ်စတစ်အိပ်ဖြင့် ထုပ်လျက် အဖြူ ရောင်ပလပ်စတစ်ဘူးအတွင်းမှ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ကပ်ခွါအိပ်ဖြင့်ထည့်လျက် WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား တစ်ထုပ်လျှင်(၂၀၀)ပြားစီပါ (၃၀)ထုပ် စုစုပေါင်းဆေးပြား(၆၀၀၀)ပြား စုစုပေါင်း အလေးချိန် (၅၄၀)ဂရမ် တို့အား ရှာဖွေတွေ့ရှိခဲ့သည်။

ထို့ကြောင့် WYများကို သိမ်းဆည်းပြီး လက်ဝယ်ထားရှိသူ ကိုကိုလွှင်(ခ)အောင်ကိုကိုလွှင်အား ယမန်နေ့ ညနေ၃နာရီ၄၅မိနစ်အချိန် မဘိမ်းမြို့မရဲစခန်းတွင် မယ(ပ)၃၈/၂၀၁၇မူးစိတ်ပုဒ်မ ၁၅/၁၉(က)ဖြင့် အမှု ဖွင့်အရေးယူဖမ်းဆီးထားရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly