စစ်မှုထမ်းတာဝန် ပြီးဆုံးသွားပြီဖြစ်သည့် ချွိုင်းစီဝမ်နှင့် ချန်မင်း

စစ်မှုထမ်းတာဝန် ပြီးဆုံးသွားပြီဖြစ်သည့် ချွိုင်းစီဝမ်နှင့် ချန်မင်း

တောင်ကိုရီးယားပေါ့ပ်ဂီတအဖွဲ့ TVXQ မှ အဖွဲ့ဝင်ဖြစ်သူ ချန်မင်းနှင့် Super Junior မှ အဖွဲ့ဝင်ဖြစ်သူ ချွိုင်းစီဝမ် တို့သည် ၂၁လခန့်ကြာမြင့်သော သူတို့၏စစ်မှုထမ်းတာဝန်ကို အောင်မြင်စွာ ထမ်းဆောင်နိုင်ခဲ့ပြီဖြစ်သည်။

ချန်မင်းနှင့် ချွိုင်းစီဝမ်တို့သည် လွန်ခဲ့သော ၂၀၁၅ခုနှစ် နို၀င်ဘာ ၁၉ ရက်နေ့က စစ်တပ်ထဲသို့ အတူတကွ စာရင်းပေးသွင်းခဲ့ကြပြီး ယနေ့ သြဂုတ် ၁၈ ရက်နေ့တွင် စစ်မှုထမ်းတာဝန် ပြီးဆုံးသွားပြီ   ဖြစ်တာကြောင့် ဆိုးလ်မြို့ပြရဲတပ်ဖွဲ့မှ ထွက်ခွာခွင့်ရရှိခဲ့ကြသည်။

တောင်ကိုရီးယား စစ်မှုထမ်းဥပဒေအရ စစ်သင်တန်းပြီးနောက်တွင် သင်တန်းသားသည် စစ်သားတစ်ဦးအဖြစ် သို့မဟုတ် ရဲတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခွင့်ရှိပြီး သူတို့နှစ်ဦးစလုံးက ရဲအရာရှိအဖြစ် တာဝန် ထမ်းဆောင်ဖို့ ရွေးချယ်ခဲ့ကြသည်။

သူတို့နှစ်ဦး၏ ပရိသတ်များသည် သူတို့တာဝန်ပြီးဆုံးမည့်နေ့ကို ကြိုတင်သိရှိထားသည့်အတွက် ရဲဌာနအရှေ့၌ လာရောက် ကြိုဆိုနေခဲ့ကြသည်။

တာဝန်ပြီးဆုံးသွားပြီဖြစ်တာကြောင့် ချန်မင်းသည် လာမည့်သြဂုတ်လ ၂၁နှင့် ၂၂ရက်နေ့တွင် ကျင်းပပြုလုပ် မည့် “TVXQ ASIA PRESS TOUR” ၌ အဖွဲ့ဝင် ရန်ဟိုနှင့်အတူ ပူးပေါင်းဖျော်ဖြေသွားမည်   ဖြစ်သည်။ ဒါ့အပြင် ချွိုင်းစီဝမ်ကလည်း လာမည့်အောက်တိုဘာလတွင် Super Junior အဖွဲ့နှင့်အတူ အနုပညာလုပ်ငန်းများ   ပြန်လည်လုပ်ကိုင်သွားရန်   ပြင်ဆင်တော့မည်ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required