ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် မြန်မာနိုင်ငံသို့ လာရောက်မည်

ဗီယက်နမ် ကွန်မြူနစ်ပါတီခေါင်းဆောင် မြန်မာနိုင်ငံသို့ လာရောက်မည်

သြဂုတ် ၁၈ ။            ။ ဗီယက်နမ် အာဏာရ ကွန်မြူနစ်ပါတီရဲ့ခေါင်းဆောင်ဖြစ်တဲ့ အထွေထွေအတွင်းရေးမှူးချုပ် ငုရင် ဖူထရောင်ဟာ လာမယ့် သြဂုတ် ၂၄ ရက်ကနေ ၂၆ ရက်အထိ မြန်မာနိုင်ငံကို တရားဝင်အလည်အပတ်ခရီး လာရောက်ဖို့ ရှိတယ်ဆိုပြီး သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ဗီယက်နမ် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ရဲ့ အဆိုပါ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာတော့ မြန်မာ-ဗီယက်နမ်အကြား ဆက်ဆံရေး တိုးမြှင့်ဖို့၊ ကဏ္ဍပေါင်းစုံမှာ ပိုမိုတိုးမြင့်ပူးပေါင်းဆောင်ရွက်သွားရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ကွန်မြူနစ်ပါတီ ခေါင်းဆောင် ငုရင် ဖူထရောင်အနေနဲ့ မြန်မာနိုင်ငံခရီးစဉ်မတိုင်မီ သြဂုတ် ၂၂ ရက်ကနေ ၂၄ ရက်အထိလည်း အင်ဒိုနီးရှားနိုင်ငံကို ဦးစွာ သွားရောက်လည်ပတ်မှာ ဖြစ်ပြီး ဗီယက်နမ်-အင်ဒို နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုပိုင်းကိစ္စရပ်တွေနဲ့ပတ်သက်လို့ အင်ဒိုသမ္မတ ဂျိုကို ၀ီဒိုဒိုနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required