မြောက်ကိုရီးယားကိုတိုက်ခိုက်ဖို့ အဆင်သင့်ပဲဟု အမေရိကန်စစ်တပ် မလျှော့တမ်းပြောကြား

မြောက်ကိုရီးယားကိုတိုက်ခိုက်ဖို့ အဆင်သင့်ပဲဟု အမေရိကန်စစ်တပ် မလျှော့တမ်းပြောကြား

၀ါရှင်တန်၊ သြဂုတ် ၁၈  ။              ။ အိမ်ဖြူတော်မှ ပြံုယမ်းအစိုးရအပေါ် စစ်ရေးအရ အရေးယူမည့် အစီအစဉ်အား ဖယ်ရှားခဲ့ပြီးနောက်တွင် အမေရိကန်စစ်တပ်မှ အကြီးတန်းအရာရှိများက ၄င်းတို့သည် မြောက်ကိုရီးယားကို မည်သည့်ပုံစံနှင့်မဆို တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေကြောင်း ကြာသာပတေးနေ့က မလျှော့တမ်းပြောကြားခဲ့ကြသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်နှင့် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်တို့သည် မြောက်ကို ရီးယား၏ နျူကလီးယား လက်နက်အစီအစဉ် ရပ်တန့်သွားရန်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးအဖြေရှာကြရန် ကြိုးပမ်းလျက်ရှိသည်။

ကင်ဂျံုအမ်းအစိုးရ၏ လက်နက်အစီအစဉ်ကို ဖျက်သိမ်းရန်အတွက် သံတမန်နည်းအရ ဖြေရှင်းရေးကိုသာ အမေရိကန်တို့ဘက်မှ ဦးစားပေးလုပ်ကိုင်လိုသော်လည်း စစ်ရေးအရ အရေးယူမည်ဟု ခြိမ်းခြောက်ပြောဆိုမှု များကို မရပ်တန့်ပစ်ပဲရှိနေသည်။

သို့သော်လည်း ပြီးခဲ့သောဗုဒ္ဓဟူးနေ့က သမ္မတဒေါ်နယ်ထရမ့်၏ နည်းဗျူဟာအကြံပေး အကြီးအကဲတစ်ဦး ဖြစ်သူ စတိဗ်ဘန်နွန်က သတင်းမဂ္ဂဇင်းတစ်ခုအား “ အမေရိကန်အနေဖြင့် စစ်ရေးအရ ဖြေရှင်းသွားဖို့ အစီ အစဉ်မရှိပါဘူး” ဟု ပြောကြားခဲ့သည်။

နောက်တစ်ရက်အကြာတွင် ဂျပန်ကာကွယ်ရေးဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီးတို့နှင့်အတူ ပူးတွဲပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ မက်တစ်နှင့် တေလာဆန်တို့အား ဘန်နွန်၏ မှတ်ချက်နှင့်ပက်သက်၍ မေးခွန်းများ မေးမြန်းခဲ့ကြသည်။

“မစ္စတာဘန်နွန်ရဲ့ အင်တာဗျူးတစ်ခုက ပြောဆိုချက်ကို ကျနော်ဘာမှ မှတ်ချက်မပေးချင်ပါဘူး။ မြောက်ကိုရီး ယားနိုင်ငံအပေါ် ထားရှိတဲ့ပေါ်လစီ၊ ရပ်တည်ချက်တွေနဲ့ ပက်သက်လို့ ကျနော်တို့ ရှင်းလင်းပြတ်သားပါတယ်။ ကျနော်တို့ရဲ့ လုပ်နည်းကိုင်နည်းတွေဟာ သမ္မတကြီး ထောက်ခံအတည်ပြုပေးတဲ့အတိုင်း သွားတာဖြစ်ပါတယ်” ဟု တေလာဆန်က ပြောခဲ့သည်။

ဒါ့အပြင် မြောက်ကိုရီးယားအနေဖြင့် လက်နက်ဖျက်သိမ်းရေး သဘောတူညီချက်ကို အတည်မပြုပါက စိတ်ပျက် စရာ အနာဂတ်ကိုသာ ရင်ဆိုင်ရမှာဖြစ်ကြောင်း တေလာဆန်က သတိပေးပြောဆိုခဲ့သလို အမေရိကန်၏ ဒေသတွင်း မဟာမိတ်များအနေဖြင့် တိုက်ခိုက်ဖို့ အဆင်သင့်ရှိနေကြောင်း မက်တစ်က မလျှော့တမ်း ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required