တစ်​နိုင်​ငံလုံး H1N1 ပိုး​တွေ့လူနာ(၁၅)ဦး တိုးပြီး ဧရာဝတီမှ​ သေဆုံးသူ (၁)ဦးတိုး

တစ်​နိုင်​ငံလုံး H1N1 ပိုး​တွေ့လူနာ(၁၅)ဦး တိုးပြီး ဧရာဝတီမှ​ သေဆုံးသူ (၁)ဦးတိုး
(ဓာတ်ပုံ - လင်းဘိုဘို အီးပီအေ)

ရန်​ကုန်​၊ သြဂုတ်​၁၈ ။   ။ တစ်​နိုင်​ငံလုံးတွင်​ H1N1 ပိုး​တွေ့လူနာ(၁၅)ဦးထပ်​မံ​တွေ့ရှိပြီး ဧရာဝတီတိုင်​း​ဒေသကြီးမှ ​သေဆုံးသူ တစ်​ဦး ထပ်​မံတိုးလာ​ကြောင်​း ကျန်​းမာ​ရေးနှင်​ ့အားကစာဝန်​ကြီးဌာန၏ ထုတ်​ပြန်​ချက်​အရ သိရသည်​။

ဧရာဝတီတိုင်​း​ဒေသကြီးတွင်​ သြဂုတ်​လ ၁၆ ရက်​ထုတ်​ပြန်​ချက်​၌ H1N1ပိုး​တွေ့လူနာ (၃၅)ဦးအနက်​ သေဆုံးလူနာ (၁၀)ဦးရှိခဲ့ရာမှ သြဂုတ်​လ(၁၇)ရက်​​နေ့ ထုတ်​ပြန်​ချက်​တွင်​မူ ပိုး​တွေ့လူနာ(၃၇)ဦးနှင်​့ ​သေဆုံးသူ(၁၁)ဦးဖြစ်​လာခဲ့သည်​။

H1N1 ပိုးထပ်​မံ​တွေ့ရှိသည်​့ လူနာ(၁၅)ဦးမှာ ​နေပြည်​​တော်​၊ ဧရာဝတီတိုင်​း​ဒေသကြီး၊ ရှမ်​းပြည်​နယ်​(အ​ရှေ့၊​တောင်​၊​မြောက်​)၊ ရန်​ကုန်​တိုင်​း​ဒေသကြီး၊ မန္တ​လေးတိုင်​း​ဒေသကြီး၊ မ​ကွေးတိုင်​း​ဒေသကြီး၊ တနင်္သာရီတိုင်​း​ဒေသကြီးနှင်​့ စစ်​ကိုင်​းတိုင်​း​ဒေသကြီးတို့တွင်​ ဖြစ်​သည်​။

တစ်​နိုင်​ငံလုံးအတိုင်​းအတာအရ ဇူလိုင်လ(၂၁)ရက်​​နေ့မှ သြဂုတ်​လ(၁၇)ရက်​​နေ့အထိ Seasonal Influenza A(H1N1)pdm09 ပိုး​တွေ့လူနာ (၂၇၇)ဦးတွင်​ (၂၇)ဦး​သေဆုံးခဲ့သည်​။

H1N1 ပိုး​အဓိက​တွေ့ရှိရသူများမှာ လတ်​တ​လောပြင်​းထန်​အသက်​ရှုလမ်​း​ကြောင်​း​ရောဂါမှဖြစ်​ပြီး ၎င်း၏ အသက်​ရှုရခက်​ခဲခြင်​း၊ ဂဏာမငြိမ်​ခြင်​း၊ သတိလစ်​ခြင်​းတို့​ တွေ့ရှိရပါက နီးစပ်​ရာ​ဆေးရုံ၊​ဆေးခန်​းများတွင်​ အခမဲ့စစ်​​ဆေးကုသနိုင်​​ကြောင်​း ကျန်​းမာ​ရေးနှင်​ ့အားကစားဝန်​ကြီးဌာန၊ ပြည်​သူ့ကျန်​းမာ​ရေးဌာနမှ ဒုညွှန်​ချုပ်​ ဦးသန်​းထွန်​း​အောင်​က ​ပြောထားသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required