တရုတ်မှာ ရှိနေစဉ်က ကိုယ့်ကိုကိုယ် ယုံကြည်မှုပြန်လည် ရရှိခဲ့ကြောင်း ဘာစီလိုနာ ကစားသမားသစ် ပေါ်လင်ဟို ပြောဆို

တရုတ်မှာ ရှိနေစဉ်က ကိုယ့်ကိုကိုယ် ယုံကြည်မှုပြန်လည် ရရှိခဲ့ကြောင်း ဘာစီလိုနာ ကစားသမားသစ် ပေါ်လင်ဟို ပြောဆို
(ဓာတ်ပုံ - အီးပီအေ)

ဘရာဇီးကွင်းလယ်လူ ပေါ်လင်ဟိုက တရုတ်ကလပ် ကွမ်ကျိုးအဲဗားဂရန်းမှာ ကစားခဲ့တဲ့ ပြိုင်ပွဲတွေမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ပြန်လည် ရရှိပြီးနောက်မှာတော့ ဘာစီလိုနာအသင်းကို ပူးပေါင်းခဲ့တယ်လို့ ကစားသမားက ပြောပါတယ်။

ပေါ်လင်ဟိုဟာ သတင်းစာရှင်းလင်းပွဲ မတိုင်မီ ဘာစီလိုနာနဲ့ ၄ နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး စာချုပ်မှာ ယူရိုသန်း ၁၂၀ တန်ကြေးရှိ စာချုပ်လျော်ကြေးကို ဘာစီလိုနာအသင်းက ထည့်သွင်း ချုပ်ဆိုခဲ့ပါတယ်။

ပေါ်လင်ဟု (၂၈)က  စပါးနဲ့ ၎င်းရဲ့ ဒုတိယရာသီမှာ သူဖြစ်လိုတဲ့အတိုင်း အရာတွေက ဖြစ်မလာပေမယ့် စိန်ခေါ်မှုတွေကို လက်ခံဖို့ တရုတ်ကလပအသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီး အဲဒီမှာ ဆုဖလားအများအပြား ဆွတ်ခူးခဲ့တယ်လို့ ပြောပါတယ်။

စပါးမှာ နှစ်ရာသီကြာ ကစားသမားပြီးနောက် ပေါ်လင်ဟိုဟာ ၂၀၁၅ ခုနှစ်က ကွမ်ကျိုးအဲဗားဂရန်းအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီး ၂နှစ်အတွင်း အသင်းတွက် ၉၅ပွဲ ကစား၊ ၂၈ဂိုး သွင်းယူကာ အသင်းနဲ့အတူ တရုတ်စူပါလိဂ်အမှတ်ပေးဖလား ၂ကြိမ်၊ စူပါဖလား ၂ ကြိမ်နှင့် ဒေသတွင်းဖလား ၁ ကြိမ် ရရှိခဲ့သလို AFC ချန်ပီယံလိဂ်ဖလား ၁ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

ဒီဆုဖလားအောင်မြင်မှုတွေ ရရှိထားပေမယ့် သူဟာ ဘာစီလိုနာနဲ့ ပူးပေါင်းဖို့ မဆိုင်းမတွ ချက်ချင်း ဆုံးဖြတ်ခဲ့ပြီး စပိန်ကလပ်ရဲ့ ကမ်းလှမ်းမှုကို မငြင်းပယ်နိုင်ခဲ့ဘူးလို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

ဘရာဇီးလက်ရွေးစင်အသင်းမှာ (၄၁)ပွဲကစားထားတဲ့ ပေါ်လင်ဟိုကို နူးကမ့်ကွင်းမှာ ပရိသတ်တွေနဲ့ တရားဝင် မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ပြီး သူဟာ အဲဒီမှာ ဘာကာ လူငယ်အကယ်ဒမီမှာ ကလေးငယ်အချို့နဲ့ ဘောလုံး ကစားခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags