၂၀၁၇ ကမ္ဘာ့အကောင်းဆုံး အမျိုးသားနည်းပြဆုအတွက် ပဏာမ (၁၂) ဦး စာရင်း ထုတ်ပြန်

၂၀၁၇ ကမ္ဘာ့အကောင်းဆုံး အမျိုးသားနည်းပြဆုအတွက် ပဏာမ (၁၂) ဦး စာရင်း ထုတ်ပြန်
(ဓာတ်ပုံ - ဖီဖာ)

၂၀၁၇ The Best ဖီဖာ အကောင်းဆုံး အမျိုးသားနည်းပြ ပဏာမ(၁၂) ဦးစာရင်းမှာ ဇီဒန်း၊ မော်ရင်ဟိုနှင့် ကွန်တီတို့ပါဝင်ပြီး အကောင်းဆုံးဆုကို ဇီဒန်းက ရရှိဖို့ ရေပန်းစားနေကြောင်း သိရပါတယ်။

ပြီးခဲ့တဲ့ ရာသီမှာ နည်းပြ ဇီဒန်းလက်အောက်ရှိ ရီးယဲလ်မက်ဒရစ်ဟာ လာလီဂါ၊ ချန်ပီယံလိဂ်နှင့် ဖီဖာကလပ်ကမ္ဘာ့ဖလားတို့ကို ဆွတ်ခူးခဲ့ပါတယ်။

မော်ရင်ဟိုကတော့ မန်ယူနှင့် ပထမဆုံးကိုင်တွယ်တဲ့နှစ်မှာ ဖလား (၃)လုံး ရရှိခဲ့ပြီး နည်းပြ ကွန်တီက ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်အမှတ်ပေးဖလားကို ရယူပေးခဲ့ပါတယ်။

ကမ္ဘာ့အကောင်းဆုံး အမျိုးသားနည်းပြဆုအတွက် ပဏာမစာရင်း

အယ်လီဂရီ (အီတလီ - ဂျူဗင်တပ်စ)
အန်ဆယ်လော့တီ (အီတလီ - ဘိုင်ယန်မြူးနစ်)
ကွန်တီ (အီတလီ - ချယ်လ်ဆီ)
လူးဝစ်အင်းနရစ် (စပိန် - ဘာစီလိုနာ)
ဂွါဒီယိုလာ (စပိန် - မန်စီးတီး)
ယာဒင်း (ပေါ်တူဂီ - မိုနာကို)
ဂျိုအာချင်လိုး (ဂျာမနီ - ဂျာမနီလက်ရွေးစင်အသင်း)
မော်ရင်ဟို (ပေါ်တူဂီ - မန်ယူ)
ပိုချက်တီနို (အာဂျင်တီးနား - စပါး)
ဆီမြွန်နီ (အာဂျင်တီးနား - အက်သလက်)
ထိထီ (ဘရာဇီး - ဘရာဇီးလက်ရွေးစင်အသင်း)
ဇီဒန်း (ပြင်သစ် - ရီးယဲလ်မက်ဒရစ်)

Ref; FIFA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required