၂၀၁၇ ခုနှစ် အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်(၂၄) ဦးစာရင်းကို ဖီဖာ ထုတ်ပြန်၊ လာလီဂါမှ ကစားသမားအများဆုံးပါဝင်

၂၀၁၇ ခုနှစ် အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင်(၂၄) ဦးစာရင်းကို ဖီဖာ ထုတ်ပြန်၊ လာလီဂါမှ ကစားသမားအများဆုံးပါဝင်

၂၀၁၇ ခုနှစ် အကောင်းဆုံး အမျိုးသားဘောလုံးသမားဆု (The Best)အတွက် ပဏာမ (၂၄) ဦးစာရင်းကို ဖီဖာက သြဂုတ်လ ၁၇ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဆိုပါ ပဏာမ ဆန်ခါတင် (၂၄) ဦးစာရင်းမှာ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ ပါဝင်ခဲ့ပြီး စပိန်လာလီဂါမှ ရီးယဲလ်ကစားသမား (၇)ဦးအထိ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ရော်နယ်လ်ဒိုဟာ ၂၀၁၆ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမာဆုကို မက်ဆီနှင့် အက်သလက်တီကိုမှ ဂရင်းဇ်မန်းတို့ကို ကျောပြီး ဆွတ်ခူးခဲ့ပါတယ်။

"အကောင်းဆုံးဘောလုံးသမားဆုရှင်ကို လက်ရွေးစင်နည်းပြများ၊ အသင်းခေါင်းဆောင်များ၊ ရွေးချယ်ထားတဲ့ မီဒီယာများနှင့် ပရိသတ်များဆိုပြီး အဓိက အုပ်စု ၄ ခုခွဲပြီး ရွေးချယ်ပါလိမ့်မယ်။"လို့ ဖီဖာက ကြေညာချက်မှာ ပြောကြားထားပါတယ်။

ဆန်ကာတင်စာရင်း ၂၄ ဦးထဲမှာ အကောင်းဆုံးဆု ရွေးချယ်ပုံမှာ နိုင်ငံလက်ရွေးစင်နည်းပြ မဲ ၂၅ ရာခိုင်နှုန်း၊ နိုင်ငံလက်ရွေးစင် အသင်းခေါင်းဆောင် မဲ ၂၅ ရာခိုင်နှုန်း၊ ဖီဖာအသိအမှတ်ပြုထဲမှ ရွေးချယ်ထားတဲ့ မီဒီယာ မဲ ၂၅ ရာခိုင်နှုန်းနှင့် ပရိသတ်မဲ ၂၅ ရာခိုင်နှုန်းတို့အသီးသီးဖြစ်ပါတယ်။

မဲပေးရွေးချယ်မှုကို သြဂုတ်လ ၂၁ ရက် တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး အကောင်းဆုံးဆုအတွက် ဆန်ကာတင်စာရင်းကို စက်တင်ဘာ ၁၅ ရက်နေ့မှာ မထုတ်ပြန်ခင် စက်တင်ဘာ ရ ရက်အထိ မဲပေးနိုင်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးဆုရှင်ကိုတော့ အောက်တိုဘာ ၂၃ ရက်နေ့ လန်ဒန်မှာ ကြေညာသွားဖို့ ရှိပါတယ်။

ပဏာမ ဆန်ခါတင် (၂၄) ဦးစာရင်းမှာ ဒီနွေရာသီ အပြောင်းအရွှေ့မှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီသို့ ပြောင်းရွှေ့သွားခဲ့တဲ့ နေမာအပါအဝင် စပိန်လာလီဂါမှ (၁၂)ဦးအထိပါဝင်ကာ ဥရောပလိဂ်များထဲတွင် ကစားသမား အများဆုံးပါဝင်တဲ့ လိဂ်ဖြစ်ပါတယ်။

၂၀၁၇ ဖီဖာအကောင်းဆုံးဘောလုံးသမားဆုအတွက် ပဏာမ (၂၄)ဦးစာရင်း

အော့ဘာမီးယန်း (ဂါဘွန် - ဒေါ့မွန်)
ဘိုနူချီ (အီတလီ - ဂျူဗီတပ်စ်/မီလန်)
ဘူဖွန် (အီတလီ - ဂျူဗီတပ်စ်)
ကာဗာဟယ် (စပိန် - ရီးယဲလ်မက်ဒရစ်)
စီရော်နယ်လ်ဒို (ပေါ်တူဂီ - ရီးယဲလ်မက်ဒရစ်)
ဒိုင်ဘာလား (အာဂျင်တီးနား - ဂျူဗင်တပ်စ်)
ဂရစ်ဇ်မန်း (ပြင်သစ် - အက်သလက်တီကိုမက်ဒရစ်)
ဟာဇက် (ဘယ်လ်ဂျီယံ - ချယ်လ်ဆီး)
အီဘရာဟီမိုဗစ် (ဆွီဒင် - မန်ချက်စတာယူနိုက်တက်)
အင်နီယေစတာ (စပိန် - ဘာစီလိုနာ)
ဟယ်ရီကိန်း (အင်္ဂလန် - စပါး)
နိုင်ဂိုလာ ကန်တေ (ပြင်သစ် - ချယ်လ်ဆီး)
တိုနီကရူးစ် (ဂျာမနီ - ရီးယဲလ်မက်ဒရစ်)
လီဝန်ဒေါစကီး (ပိုလန် - ဘိုင်ယန်မြူးနစ်)
မာဆယ်လို (ဘရာဇီး - ရီးယဲလ်မက်ဒရစ်)
မက်ဆီ (အာဂျင်တီးနား - ဘာစီလိုနာ)
မိုဒရစ် (ခရိုအေးရှား - ရီးယဲလ်မက်ဒရစ်)
နာဗက် (ကော်စတာရီကာ - ရီးယဲလ်မက်ဒရစ်)
နူအာ (ဂျာမနီ - ဘိုင်ယန်မြူးနစ်)
နေမာ (ဘရာဇီး - ဘာစီလိုနာ/ပီအက်စ်ဂျီ)
ရာမို့စ် (စပိန် - ရီးယဲလ်မက်ဒရစ်)
အလက်ဆစ်ဆန်းချက်ဇ် (ချီလီ - အာဆင်နယ်)
ဆွာရက်ဇ် (ဥရုဂွေး - ဘာစီလိုနာ)
ဗီဒဲလ် (ချီလီ - ဘိုင်ယန်မြူးနစ်)

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags