ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ မြေပြိုမှုကြောင့် ၄၀ ထက်မနည်း သေဆုံး

ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ မြေပြိုမှုကြောင့် ၄၀ ထက်မနည်း သေဆုံး

သြဂုတ် ၁၇ ။              ။ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီး မြေပြိုမှုဖြစ်ပွားကာ လူ ၄၀ ထက်မနည်းသေဆုံးသွားခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံအရှေ့မြောက်ပိုင်းရှိတဲ့ ရေကန်တစ်ခုအနီးတည်ရှိတဲ့ ငါးဖမ်းကျေးရွာတစ်ခုမှာ အဆိုပါ မြေပြိုမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့တာဖြစ်ကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။

ယင်းဒေသမှာ ရှိတဲ့ အထင်ကရ အဲလ်ဘတ် ရေကန် ကမ်းပါးအနီး ရှိတဲ့ တိုရာအမည်ရ ကျေးရွာတစ်ခုမှာ ဖြစ်တဲ့ ယခု မြေပြိုမှုကြောင့် လူအယောက် ၄၀ သေဆုံးခဲ့တယ်ဆိုပြီး အီတူရီ ဒေသ ဒုတိယအုပ်ချုပ်ရေးမှူး ပစိဖိကွီ ကီတာက ပြောပါတယ်။

" မနေ့က ရုပ်အလောင်း ၂၈ လောင်း ကျွန်တော်တို့ မြုှပ်ခဲ့ရတယ်၊ ဒီနေ့လည်း နောက်ထပ် ၁၂ လောက် ထပ်မြုှပ်ခဲ့ရပြန်ပါတယ်" လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အာဖရိကနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆီရီယာလီယွန်မှာ ရေလွှမ်းမိုးမှုတွေကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်လည်း ရှိထားခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly