မူးယစ်တရားခံ ၂၅ ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ထပ်မံသတ်ဖြတ်

မူးယစ်တရားခံ ၂၅ ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့ ထပ်မံသတ်ဖြတ်

သြဂုတ် ၁၇ ။               ။ ဖိလစ်ပိုင်မှာ ယမန်နေ့နဲ့ ယခုမနက်အစောပိုင်းအတွင်း ထပ်မံလုပ်ဆောင်ခဲ့တဲ့ မူးယစ်နှိမ်နင်းမှု စစ်ဆင်ရေးတွေအတွင်း နောက်ထပ် မူးယစ်တရားခံ ၂၅ ဦးယောက်ကို ရဲတပ်ဖွဲ့က ထပ်မံသုတ်သင်ရှင်းလင်းနိုင်ခဲ့တယ်ဆိုပြီး အာဏာပိုင်တွေက သြဂုတ် ၁၇ ရက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တစ်နေ့တည်းနဲ့ မူးယစ်တရားခံ ၃၀ ကျော် ရှင်းလင်းနိုင်ခဲ့ရာကနေ နောက်ထပ် ထပ်သတ်ဖို့ သမ္မတဒူတာတေးကလည်း အားပေးထားခဲ့တဲ့နောက် ယခုအခါမှာလည်း နောက်ထပ် တရားခံ ၂၅ ဦးကို ရဲတပ်ဖွဲ့က သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။

ယခု မူးယစ်တရားခံသုတ်သင်ရှင်းလင်းမှုတွေကို ယမန်နေ့ သြဂုတ် ၁၆ ရက်နဲ့ ယနေ့ သြဂုတ် ၁၇ အစောပိုင်းကြားမှာ မြို့တော် မနီလာမှာ ပြုလုပ်ခဲ့တာဖြစ်ကြောင်း ဖိလစ်ပိုင်အာဏာပိုင်တွေက   ပြောပါတယ်။

မူးယစ် စစ်ဆင်ရေး ၁၈ ခုအတွင်း တရားခံ ၂၅ ဦးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း မနီလာရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အာဝင် မာဂါရီဂျိုက ပြောပါတယ်။

" ဒီ စစ်ဆင်ရေးတွေကို တစ်ချိန်တည်းတစ်ပြိုင်နက်တည်း လုပ်ခဲ့တာပါ၊ မနီလာရဲတပ်ဖွဲ့ တပ်စုတွေအားလုံး ပါ၀င်လုပ်ဆောင်ခဲ့တာပါ" လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပြည်နယ်တစ်ခုမှာ တစ်နေ့တည်းနဲ့ တရားခံ ၃၂ ဦး သတ်ဖြတ်နိုင်ခဲ့လို့ သမ္မတ ဒူတာတေးကိုယ်တိုင် ကျေနပ်အားရခဲ့ပြီး နောက်ထပ် များများသတ်ဖို့လည်း တိုက်တွန်းထားခဲ့ပါတယ်။

" နေ့တိုင်း ခုလိုမျိုး တရားခံ ၃၂ ယောက်လောက် ပုံမှန်သတ်သွားနိုင်မယ်ဆိုရင် ဒီနိုင်ငံမှာ ဒီအရှုပ်ထုပ်တွေကို ကျွ်နတော်တို့ ကောင်းကောင်း လျှော့ချသွားနိုင်ပါလိမ့်မယ်" လို့ ဒူတာတေးက ပြောကြားထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required