တွမ်ခရုစ်ဒဏ်ရာရရှိခဲ့သည့်အတွက် Mission: Impossible 6 ရိုက်ကူးရေး ရပ်နား

တွမ်ခရုစ်ဒဏ်ရာရရှိခဲ့သည့်အတွက် Mission: Impossible 6 ရိုက်ကူးရေး ရပ်နား

မင်းသားတွမ်ခရုစ်သည် ရိုက်ကွင်း၌ စတန့်ပြကွက်တစ်ခုကို ရိုက်ကူးနေစဉ် မတော်တဆဒဏ်ရာရရှိခဲ့သော ကြောင့် Mission: Impossible 6 ရိုက်ကူးရေးကို ရပ်နားလိုက်ပြီဖြစ်ကြောင်း Paramount ရုပ်ရှင်စတူဒီယိုက အတည်ပြုကြေညာခဲ့သည်။

သို့သော်လည်း Mission: Impossible 6 ဇာတ်ကားကို နဂိုကစီစဉ်ထားသည့်အတိုင်း လာမည့်နှစ်ဇူလိုင်လတွင် ပြသနိုင်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်း Paramount က အခိုင်အမာပြောကြားခဲ့သည်။

ပြီးခဲ့သောအပတ်က လန်ဒန်မြို့၌ ရိုက်ကူးနေသော Mission: Impossible 6 ရိုက်ကွင်း၌ တွမ်ခရုစ်သည် တိုက်တစ်ခုမှတစ်ခုသို့ ခုန်ကူးခဲ့စဉ်တွင် တိုက်ကြားထဲသို့ မတော်တဆပြုတ်ကျကာ တိုက်နံရံနှင့် ရိုက်မိခဲ့ပြီး ခြေချင်းဝတ်၌ ဒဏ်ရာရရှိခဲ့သည်။

အသက် ၅၅နှစ်အရွယ်ရှိ တွမ်ခရုစ်သည် သူ၏ဇာတ်ကားများ၌ စတန့်ပြကွက်များကို လူစားမထိုးပဲ ကိုယ်တိုင် ရိုက်ကူးမှုကြောင့် လူသိများထင်ရှားသော မင်းသားတလက်ဖြစ်သည်။

Paramount မှ ထုတ်ပြန်ခဲ့သော ကြေညာချက်ထဲ၌ “ Mission: Impossible 6 ဇာတ်ကားရိုက်ကွင်းမှာ တွမ်ခရုစ်ဟာ စတန့်ပြကွက်တစ်ခုကို ရိုက်ကူးနေရင်း မတော်တဆ ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပါတယ်။ တွမ် ပြန်ကောင်းလာတဲ့အချိန်မှ ရိုက်ကူးရေးတွေကို ပြန်စမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ၂၀၁၈ ဇူလိုင် ၂၇ ရက်နေ့ မှာ ပြသဖို့ စီစဉ်ထားတဲ့အတိုင်း အလျင်မီအောင် ရိုက်ကူးသွားမှာပါ။ တွမ်ကလည်း သူ့ကိုစိုးရိမ်ပေးတဲ့ ပရိသတ် အားလုံးကို ကျေးဇူးတင်ကြောင်း ပြောကြားလိုက်ပါတယ်” ဟု ဖော်ပြထားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags