အီဗန်အတွက် မန်စီးတီး၏ ပေါင် ၁၈ သန်းဖြင့်ကမ်းလှမ်းမှုကို ဝက်စ်ဘရွန်းပယ်ချ

အီဗန်အတွက် မန်စီးတီး၏ ပေါင် ၁၈ သန်းဖြင့်ကမ်းလှမ်းမှုကို ဝက်စ်ဘရွန်းပယ်ချ

သြဂုတ် ၁၇၊ မန်ချက်စတာ။           ။ နောက်တန်းကစားသမား ဂျွန်နီအီဗန်အတွက် မန်စီးတီးအသင်း၏ ပေါင် ၁၈ သန်းဖြင့်ကမ်းလှမ်းမှုကို ဝက်စ်ဘရွန်းအသင်းက ပယ်ချလိုက်သည်။

မြောက်အိုက်ယာလန်လက်ရွေးစင် ကစားသမားအတွက်ဆွေးနွေးမှုကို လွန်ခဲ့သည့်နှစ်ပတ်ခန့်ကတည်းကပြုလုပ်နေကြခြင်းဖြစ် ပြီး မန်စီးတီး၏ ကမ်းလှမ်းမှုနှစ်ကြိမ်ကိုလည်း ကစားသမားမှာ   ရောင်းရန် မဟုတ်ဟုဆိုကာ ဝက်စ်ဘရွန်းက ပယ်ချခဲ့ပြီးဖြစ်သည်။

မန်ချက်စတာယူနိုက်တက်အသင်းတွင် ကိုးနှစ်ကြာကစားခဲ့ပြီး ၂၀၁၅ တွင် ဝက်စ်ဘရွန်းသို့ရောက်လာသည့် အီဗန်၏လက်ရှိ စာချုပ်မှာ နှစ်နှစ်ကျန်နေသေးသည်။

အသက် ၂၉ နှစ်အရွယ်ကစားသမားအတွက် ပေါင် ၁၀ သန်းဖြင့် လက်စတာ၏ကမ်းလှမ်းမှုကိုလည်း ဝက်စ်ဘရွန်းက ပယ်ချထား သည်။

အီဗန်သည် ယူနိုက်တက်တွင် ၁၉၈ ပွဲကစားခွင့်ရခဲ့ပြီး ပရီးမီးယားလိဂ်ဖလား သုံးကြိမ်နှင့် လိဂ်ဖလားနှစ်ကြိမ်ရရှိခဲ့သည်။ နည်းပြ ဗန်ဟားလ်လက်ထက်တွင် အသင်းအစီအစဉ်များထဲ၌ ပါဝင်ခြင်းမရှိတော့ဟု အသိပေးခံရပြီးနောက် ဝက်စ်ဘရွန်းသို့ ပြောင်းခဲ့သည်။

ယမန်နှစ်ကလည်း အီဗန်ကိုခေါ်ယူရန်စိတ်ဝင်စားကြောင်း အာဆင်နယ်အသင်းကပြသခဲ့သော်လည်း ဝက်စ်ဘရွန်းအသင်းက ၎င်းတို့၏ အသင်းခေါင်းဆောင်အတွက် ချဉ်းကပ်လာမှုကို ပယ်ချခဲ့ဖူးသည်။

စီးတီးနည်းပြပက်ဂွာဒီယိုလာသည် အပြောင်းအရွှေ့မပိတ်မီ ဗဟိုနောက်ခံလူတစ်ယောက်ခေါ်နိုင်ရန်မျှော်လင့်ထားသည်ဟု ပြီးခဲ့သည့်လတွင် ပြောဆိုထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required