မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ခြင်းလုံးအဖွဲ့ရယူ

မြန်မာနိုင်ငံအတွက် ပထမဆုံး ရွှေတံဆိပ်ကို ခြင်းလုံးအဖွဲ့ရယူ

သြဂုတ် ၁၆ ။             ။ (၂၉)ကြိမ်မြောက်အရှေ့တောင် အာရှအားကစားပြိုင်ပွဲ၏ ပထမဆုံးရွှေတံဆိပ်ကို မြန်မာနိုင်ငံအတွက် ခြင်းလုံးအဖွဲ့က ရယူနိုင်ခဲ့သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ Titiwangsa အားကစားရုံ၌ ကျင်းပပြုလုပ်သော ခြင်းလုံးအားကစားပြိုင်ပွဲ Event 2 ပြိုင်ပွဲကို မြန်မာခြင်းလုံးအသင်းဝင်ရောက်ယှဉ်ပြိုင်ရာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး   ဒေသစံတော်ချိန် (၈)နာရီတွင် ထိုင်းအသင်းနှင့် ဗိုလ်လုပွဲယှဉ်ပြိုင်ကစားရာ မြန်မာအသင်းမှ (၃၁၇)မှတ် ထိုင်းအသင်းမှ (၃၀၃)မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ပထမရရှိခဲ့သည်။

ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ် ကော်မတီအထွေထွေအတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မလေးရှားနိုင်ငံ ပိုက်ကျော်ခြင်းဥက္ကဋ္ဌတို့က ရွှေတံဆိပ်ဆုရမြန်မာ၊ ငွေတံဆိပ်ဆုထိုင်းနှင့် ပူးတွဲတတိယဆုရမလေးရှားနှင့် လာအိုအသင်းတို့အား ဆုများ ချီးမြှင့်ခဲ့ကြသည်။

မနက်ဖြန် သြဂုတ်လ (၁၇)ရက်နေ့ပွဲစဉ်များအဖြစ် မြှားပစ်အားကစားနည်းမှ Compound အသင်းလိုက်ပြိုင်ပွဲ ၊ အမျိုးသမီးဘောလုံးပွဲစဉ်တွင် မြန်မာအသင်းနှင့် မလေးရှားအသင်းတို့ ဒေသစံတော်ချိန် (၈)နာရီ (၄၅)မိနစ်တွင်ယှဉ်ပြိုင်ကစားမည်ဖြစ်သည့် အပြင် ၊ ခရစ်ကတ်အားကစားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required